ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာနှင့် ကြံခင်းကျေးရွာအနီးမှာ မိုးရွာသွန်းမှုကြောင့် ခရီးသည်တင် ကားတွေနဲ့၊ ကုန်တင်ကားတွေဟာ မေလ ၃၁ ရက်နေ့ မနက် ၇ နာရီ အချိန်ခန့်ကစတင်ပြီး ပိတ်ဆို့နေခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်အတွင်း ငပပွေ့ဆိပ်ကမ်းမှာ ကမ်းနီး၊ကမ်းဝေး ငါးဖမ်းလှေတွေဟာ အစီးရေ ၅၀ အထက် ကမ်းကပ်နေကြတာဖြစ်ပြီး အဲဒီနေရာမှာ ငါးဖမ်းလုပ်သားတွေ ခိုက်ရန် ဖြစ်ပွားတာ၊ မှုခင်းဖြစ်ပွားတာတွေမှာ ဘယ်သူ ဘယ်ဝါတွေကျူးလွန်သွားတယ်ဆိုတာ မသိရှိနိုင်ဘဲ ဖြေရှင်းတဲ့အခါ အခက် အခဲတွေရှိနေတယ်လို့ ငလပွေ့ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

ဒေါက်တာအေးမောင်ကို စွဲဆိုထားတဲ့အမှု ၃ မှုလုံးကို ချေဖျက်ပေးဖို့လျှောက်ထားချက်အပေါ် ရခိုင်ပြည်နယ် တရားလွှတ်တော်ကနေ မေလ ၃၁ ရက်နေ့မှာ ပလပ်လိုက်တာဟာ စွဲဆိုထားတဲ့အမှုတွေမှာ တရားလိုတစ်ဦးတည်းကိုသာ စစ်ဆေးရသေးတဲ့အတွက် အမှုမြောက်၊ မမြောက်ကို သုံးသပ်ဆုံးဖြတ်လို့ မရနိုင်သေးတဲ့အတွက်ဖြစ်တယ်လို့

တစ်ဖက်နိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ၆၂ ဦးကို သူတို့မူလက နေထိုင်ခဲ့တဲ့ကျေးရွာ ဒါမှမဟုတ် မူလကျေးရွာနဲ့ အနီးစပ်ဆုံးနေရာတွေမှာ နေရာချထားပေးသွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်ပါတယ်။

dtv news - မေလ ၃၀ ရက်နေ့မှာကျရောက်တဲ့ ရခိုင်အမျိုးသားနေ့ကို ရခိုင်ပြည်နယ်အတွင်းက စစ်တွေ အပါအဝင် မြို့နယ်အချို့မှာကျင်းပပြုလုပ်ခဲ့ကြပြီး ရခိုင်အမျိုးသားနေ့ကိုကျင်းပလာတာ ယခုနှစ်မှာ ၅ နှစ်မြောက်ခဲ့ပြီလည်းဖြစ်ပါတယ်။

သတင်း - နေ၀င်းစံ

dtv news - မေလ ၂၉ ရက်နေ့က ဖြတ်သန်းဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် တစ်ဝှမ်းလုံးမှာ လူနေအိမ် ၁၉၈ လုံးအပါဝင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကနဦးစာရင်းများအရ ငွေကျပ်သိန်းပေါင်း ၄၂၀ ကျော်ရှိကြောင်း ရခိုင်ပြည်သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံးက သိရပါတယ်။

သူတို့ကို ဖမ်းဆီးတာဟာ လူမျိုးရေးအရ နှိပ်ကွပ်ချင်တာနဲ့ နိုင်ငံရေး လုပ်ကြံချင်တာကြောင့် ဖမ်းဆီးတာဖြစ်တယ်လို့ ပုဒ်မသုံးခုနဲ့ အမှုရင်ဆိုင်နေရတဲ့ စာရေး ဆရာဝေဟင်အောင်က ပြောဆိုလိုက်ပါတယ်။ စာရေးဆရာဝေဟင်အောင်နဲ့ ဒေါက်တာအေးမောင်တို့ကို မေလ ၃၀ ရက်နေ့က ၁၂ ကြိမ်မြောက်ရုံးထုတ်အပြီးမှာ