ရခိုင်ပြည်နယ်မှာ ကလေးတွေ အင်္ဂလိပ်ဘာသာရပ်ကို နိုင်ငံတကာအဆင့်မီ သင်ကြားလို့ရမယ့် မူကြိုကျောင်းတစ်ကျောင်းကို စစ်တွေမြို့ မြို့သူကြီးရပ်ကွက်မှာ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိတယ်လို့ သိရပါတယ်။

dtv news - သံတွဲမြို့နယ်မှာ ဇွန် ၇ နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် အံတော်ချောင်းရေမှာ မြင့်တက်လာပြီး စိုးရိမ်ရေအမှတ်သို့ ရောက်နေကာ မိုးဆက်လက်ရွာသွန်းပါက ကျေးရွာတချို့ ရေလွှမ်းမိုးခံရနိုင်တယ်လို့ သိရပါတယ်။

သတင်း - မျိုးမြင့်ဇော်

dtv nwes - ဇွန်လ ၁၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမ်းမြို့နယ် ပဒေးကြောကျေးရွာအနီး အမ်း-မအီကားလမ်းပိုင်မှာ မြေသားတာဘောင် ပေ ၁၀၀ နီးပါးကျိုးပျက်သွားတဲ့အတွက် ခရီးသည်နှင့် ကုန်တင်ယာဉ်တွေ သွားလာလို့မရဖြစ်နေပါတယ်။

သတင်း - စိမ်းကိုကို

ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ လမ်းမတော်ရပ်ကွက်ကနေ ဆတ်ရိုးကျကျေးရွာကိုဆက်သွယ်သွားလာ နိုင်ရန်အတွက် ဆတ်ရိုးကျချောင်းကိုဖြတ်သန်းပြီး အရှည် ၁၆၄၂ ပေရှိတဲ့ ဆတ်ရိုးကျတံတား တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကနေ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

dtv news - ဇွန်လ ၉ ရက်နေ့ ညဥ့်အချိန် တစ်ဦးတည်းအိပ်ပျော်နေတဲ့ ဒေါ်သိန်းရင် အသက်(၆၇) နှစ်ရဲ့ နေအိမ်ပေါ်သို့ အမည်မသိ လူနှစ်ဦးတက်လာပြီး ဒေါ်သိန်းရင်ရဲ့ မျက်လုံးကို လက်ဖြင့်ပိတ်ကာ ပါးစပ်ထဲကို အဝတ်တွေထည့်ပြီး လက်တွေကို ကြိုးနဲ့ချည်းနှောင်ကာ နားကပ်တစ်ရံနဲ့ ငွေတစ်သိန်းကို ဓားထောက် လုယူသွားကြတာဖြစ်တယ်လို့ ဒေါ်သိန်းရင်က ပြောပါတယ်။

သတင်း - မျိုးမြင့်ဇော်

dtv news - ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာဖိအားတွေကို အစိုးရကလိုက်လုပ်နေရချိန်မှာ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးစေမလားလို့ စိုးရိမ်ချက်တွေ ရှိနေပါတယ်။

သတင်း - ရွှေထက်

ဆရာ၊ ဆရာမတွေက ရာထူးတိုးလျောက်တဲ့အခါမှာ ငွေကျပ် ၅ သိန်းပေးရင် စိတ်ကြိုက်နေရာကို ချပေးတယ်လို့ ငွေတောင်းခံရတဲ့ ဆရာမတစ်ဦးနဲ့ နီးစပ်သူ အမည်မဖော်လိုတဲ့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။