၂၀၁၇-၂၀၁၈ ခုနှစ် ရခိုင်ပြည်နယ်အတွင်း အထူးကုန်စည်ခွန်မှာပါဝင်တဲ့ နိုင်ငံပိုင်သစ်ခွဲစက်တွေက အခွန်ကောက်ခံရရှိမှုတိုးလာတာကြောင့် ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ထက် ၈ ရာခိုင်နှုန်းအထိ မြင့်တက်သွားတယ်လို့ စီမံကိန်းနှင့် ဘဣာရေးဝန်ကြီးဌာနရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနက သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးရေးအပိုင်းမှာ ကျွဲနွားတွေနည်းပါးလာပြီး အလုပ်သမားတွေ ရှားလာတဲ့အတွက် လယ်ထွန်စက် အသုံးပြုသူတွေ များလာနေတယ်လို့ လယ်ယာစိုက်ပျိုးရေး ထွန်စက်ရောင်းသူတွေထံက သိရပါတယ်။

ရခိုင်ပြည်နယ်အတွက်ချပေးတဲ့ ဘတ်ဂျက်ငွေတွေကိုပြန်မအပ်ရအောင် အစိုးရအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကိုယ်စီကိုင်စွဲထားကြတဲ့မာနတွေကို လျော့ချဖို့လိုတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တွေပြည်သူ့ဆေးရုံကြီးအပါဝင် ပြည်သူ့ဆေးရုံးတွေနဲ့ တိုက်နယ်ဆေးရုံး ၇၀ ရှိပြီးတော့ အဲဒီဆေးရုံတွေမှာ ဆရာဝန်တွေ လိုအပ်နေဆဲဖြစ်တယ်လို့ ပြည်နယ် ကျန်းမာ ရေးဦးစီးမှူး ဒေါက်ကြည်လွင်ကပြောပါတယ်။

စစ်တွေမြို့ အထက ၁ ကျောင်းမှာ တက္ကသိုလ်ဝင်တန်း ၂ နှစ်အထက်ကျတဲ့ ကျောင်းသားတွေကို သင်ကြားပေးနေတဲ့ စေတနာညကျောင်းမှာ ၂၀၁၅ ခုနှစ် စတင်ဖွင့်လှစ်စဉ်ကနေ ယခု ၂၀၁၈ ခုနှစ် အထိ ကျောင်းသား၊ကျောင်းသူ ၆၂ ဦးအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွက်ပဲ ဘတ်ဂျက်ငွေတွေ များစွာတောင်းခံနေမှုဟာ သင့်တော်မှုမရှိဘူးလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရကို ထောက်ပြပြောဆို လိုက်ပါတယ်။

ပင်စင်ယူသွားတဲ့ ပညာရေးဝန်ထမ်းတွေကို ထောက်ပံ့ငွေပေးအပ်ဖို့ မြောက်ဦးမြို့နယ်အတွင်းက ပညာရေးဝန်ထမ်းဆီကနေ ကရုဏာကြေးကို အခုနှစ်မှာ တိုးမြှင့်ကောက်ခံလိုက်ပြီး တစ်လကို ၃ ဦးနှုန်းနဲ့ ပင်စင်ယူပညာရေးဝန်ထမ်းတွေကို ထောက်ပံ့ပေးအပ်နေတယ်လို့ သိရပါတယ်။