သံတွဲမြို့နယ်မှာ ယာဉ်လိုင်းသမားတွေနဲ့ သုံးဘီးသမားတွေဟာ အမြဲလိုလို နေရာလုတဲ့ပြဿနာ၊ ခရီးသည်တွေလုတဲ့ပြဿနာတွေ ဖြစ်ပွားနေပြီး ဒါကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိရောက်စွာ ဖြေရှင်းပေးစေချင်တယ်လို့ သုံးဘီးသမားတွေက လိုလားနေကြပါတယ်။

၂၀၁၇-၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ်မှာ မူလတန်းကနေ အထက်တန်းကျောင်းအထိ ကျောင်းပေါင်း ၃၀၀ ကျော် အဆင့်တိုးမြှင့်ပေးခဲ့ပေမယ့် အထက်တန်းပညာကို သင်ကြားပေးမဲ့ ဆရာ၊ ဆရာမတွေ မရှိတာကြောင့် အထကခွဲက ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲ အကျများတယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောပါတယ်။

ဘင်္ဂါလီတွေပြန်လာဖို့ မြန်မာကနေ ဘင်္ဂလားဒေ့ရှ်ကို ပို့ပေးထားတဲ့ ပုံစံစာရွက်တွေမှာ အချက်အလက်ဖြည့်နည်းတွေကို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ သင်ပြပေးတာမရှိဘူးလို့ ခိုးဝင်လာတဲ့ဘင်္ဂလီတွေက ပြောဆိုကြပါတယ်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ရခိုင်ပြည်နယ်သံတွဲခရိုင်အတွင်းက ယခင်နှစ်တွေကထက် အောင်ချက် မြင့်မားလာပေမယ့် အင်္ဂလိပ်စာဘာသာရပ်ဟာ ဂုဏ်ထူးထွက်သူ နည်းပါးခဲ့တယ်လို့ သံတွဲခရိုင် ပညာရေးမှူးရုံးက သိရပါတယ်။

ကျောက်ဖြူမြို့ အစိုးရရပ်ကွက်ရှိ အများပြည်သူပိုင်တဲ့ ဂေါက်ကွင်းမှာ ခွင့်ပြုချက်တစုံတရာမရှိဘဲ အဆောက်အဦအခိုင်အမာတည်ဆောက်ကာ အရက်ဆိုင်ဖွင့်လှစ်ရောင်းချနေတာကို ဒေသခံတွေက ဝေဖန်ကန့်ကွက်နေကြပါတယ်။ ေ

မောင်တောဒေသကို အထူးဥပဒေတွေပြဌာန်ပေးဖို့ အစိုးရနဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကို ဒေသခံတွေ တောင်းဆို ဘင်္ဂါလီအရေးကိစ္စတွေနဲ့ မူးယစ်ဆေးဝါးကိစ္စတွေမှာ တရားဥပဒေစိုးမိုးမှု အလွန်အားနည်းတဲ့အတွက် ဥပဒေနဲ့အညီဆောင်ရွက်နိုင်ဖို့ မောင်တောဒေသအတွက် အထူးဥပဒေတွေပြဌာန်ပေးဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကို ဒေသခံတွေ တောင်းဆိုလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းအတွင်း စက်လှေနစ်မြုပ်ပြီး သံတွဲမြို့နယ်အတွင်းကနေ ဧရာဝတီတိုင်းကိုမျောပါသွားတဲ့ ရေလုပ်သား ၇ ဦးဟာ မိမိရဲ့နေရပ် ရခိုင်ပြည်နယ်ထဲကို အသက် ရှင်လျက် ပြန်လာနေကြပြီဖြစ်တယ်လို့ သိရပါတယ်။