မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာက အသက် ၆၈ နှစ်အရွယ်ရှိသူတစ်ဦးအပါအဝင် ကျေးရွာသား ၅ ဦးကို မတ်လ ၂၉ ရက်နေ့က တပ်မတော်ကဖမ်းဆီးခဲ့ပြီး လက်ရှိမှာသူတို့ ၅ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့အမှုဖွင့်ထားတယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေ အေအေနဲ့ပတ်သက်ပြီး သံသယနဲ့ ဖမ်းဆီးခံထားရသူတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်ထားပေမဲ့ သူတို့ဟာ အေအေတပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ ဖမ်းဆီးခံထားရသူတွေက ရုံးထုတ်မှာ သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

အဝေးပြေးကားဂိတ်ကို မြို့နဲ့(၃) မိုင်ခန့် ဝေးကွာတဲ့နေရာသို့ ပြောင်းရွှေ့လိုက်မယ်ဆိုရင် ကုန်တင်ကုန်ချ၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ဈေးမြင့်တက်လာနိုင်သလို ခရီးသွားပြည်သူတွေအတွက်လည်း အဆင်မပြေနိုင်ဘူးလို့ အဝေးပြေးကားကွင်း ဂိတ်မှူးတွေက ပြောဆိုကြပါတယ်။

သတင်း - ခိုင်မင်း(ကျောက်ဖြူ)

ရခိုင်ပြည်နယ်ရဲ့ ခရိုင်မြို့တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မောင်တောနဲ့ မြောက်ဦးမြို့တွေမှာ လုံခြုံရေးပိုမိုကောင်းမွန်လာစေဖို့ CCTV ကင်မရာတွေ တပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

ရခိုင်ပြည်နယ်ကနေရပ်စွန့်ခွာများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဇူလိုင် ၁၇ ရက်နေ့မှာ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ဦးဆောင်တဲ့ ဝန်ကြီးဌာနအဖွဲ့နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

သတင်း - နေဝင်းစံ

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဇူလိုင်လ(၁၄)ရက်နေ့ ညနေပိုင်းက ဟိန္ဒူဘာသာဝင်တွေရဲ့ ဘုရားရှင်ကို ပူဇော်ကျင်းပသော ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ရှရီ ဂျဂနားသ် ရသ်ယာသရာ ပန်းရထားဆွဲ ပွဲတော်ကြီးကို ၁၆ ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား စတဲ့မြို့နယ်တွေက ဟိန္ဒူဘာသာဝင် တစ်သောင်းခန့် လာရောက်ဆင်နွဲခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီထောက်ခံကြိုဆိုပွဲကို ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး အထူးစီးပွားရေးဇုန် ပြုလုပ်မယ့်နေရာမှာ ပါဝင်သွားတဲ့ မြေပိုင်ရှင်တွေလည်း ထောက်ခံကြိုဆိုခဲ့ကြကာ အဲဒီအခမ်းအနားကို လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

သတင်း - နေရောင်မင်း (စစ်တွေ)