dtv news - မေလ ၂၉ ရက်နေ့က ဖြတ်သန်းဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် တစ်ဝှမ်းလုံးမှာ လူနေအိမ် ၁၉၈ လုံးအပါဝင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကနဦးစာရင်းများအရ ငွေကျပ်သိန်းပေါင်း ၄၂၀ ကျော်ရှိကြောင်း ရခိုင်ပြည်သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံးက သိရပါတယ်။

ရခိုင်မျိုးနွယ်စုဝင်တွေထဲမှာပါဝင်တဲ့ မရမာကြီးတိုင်းရင်းသားတွေရဲ့ တတိယအကြိမ်မြောက်အမျိုးသားနေ့ကို ရခိုင်ပြည်နယ်စစ်တွေမြို့မှာရှိတဲ့ မရမာကြီးကျောင်းဟောင်း ပရိယတ္တိစာသင်တိုက်မှာ ဒီကနေ့ ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ မျော်တော်ဦးအထက်ကျေးရွာမှာ ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့ လေပြင် တိုက်ခတ်တဲ့အတွက် အုန်းပင်ပြိုလဲကျရာမှ ပိမိပြီး လူတစ်ဦးသေဆုံးခဲ့ပါတယ်။

စည်ပင်သာယာရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်လာတာ နှစ်လ ကျော်ပြီဖြစ်ကာ သူတာဝန်ယူတဲ့အချိန်က စပြီး မြို့ရွာ စည်ပင်သာယာ၊ သန့်ရှင်းရေးအတွက် အမှိုက်ကျင်းမရှိသေးတဲ့ မြို့တွေ အမှိုက်ကျင်းရအောင် ရှာပြီး သတ်မှတ်ပေးဖို့ ဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးဝင်းမြင့်ကပြောပါတယ်။

သူတို့ကို ဖမ်းဆီးတာဟာ လူမျိုးရေးအရ နှိပ်ကွပ်ချင်တာနဲ့ နိုင်ငံရေး လုပ်ကြံချင်တာကြောင့် ဖမ်းဆီးတာဖြစ်တယ်လို့ ပုဒ်မသုံးခုနဲ့ အမှုရင်ဆိုင်နေရတဲ့ စာရေး ဆရာဝေဟင်အောင်က ပြောဆိုလိုက်ပါတယ်။ စာရေးဆရာဝေဟင်အောင်နဲ့ ဒေါက်တာအေးမောင်တို့ကို မေလ ၃၀ ရက်နေ့က ၁၂ ကြိမ်မြောက်ရုံးထုတ်အပြီးမှာ

သီတာထွေးသေဆုံးခြင်း ၆ နှစ်ပြည့် အောက်မေ့ဖွယ်ဆုတောင်းပွဲ အခမ်းအနားကို ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှာရှိတဲ့ ရွှေသာလျောင်းဘုရားကြီးမှာ ဒီကနေ့ နံနက် ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

ပုဒ်မသုံးခုနဲ့ တရားရင်ဆိုင်နေရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဒီကနေ့ မေလ ၂၈ ရက် နံနက် ၈ နာရီကျော်အချိန်ခန့်က စစ်တွေဆေးရုံကြီးမှာ ဓာတ်မှန်ရိုက်ရောဂါရှာခဲ့ရတယ်လို့ မိသားစုဝင်တွေထံမှ သိရပါတယ်။