dtv news - ဖမ်းဆီးခံအမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး ချေဖျက်ပေးဖို့ ရှေ့နေတွေရဲ့ လျှောက်လဲချက်ကို မေလ ၃၁ ရက်နေ့မှာ ရခိုင်ပြည်နယ်တရားလွှတ်တော်က အမိန့်ချမှတ် သွားမယ်လို့ သိရပါတယ်။

dtv news - ပါတီတွင်းလျော့နည်းနေတဲ့ ပါတီဝင်အားတွေကို ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် ရခိုင်အမျိုးသား ပါတီရဲ့ မျက်နှာစုံညီအစည်းအဝေးတစ်ခုကို ဒီကနေ့ မေလ ၂၆ ရက်နေ့မှာ ကျောက်ဖြူမြို့ မူလာရာမ ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲပါတယ်။

dtv news - ငြိမ်းချမ်းမေတ္တာအဖွဲ့ Religions for Peace Myanmar အပါအဝင် ပြည်တွင်းပြည်ပ ဘာသာရေးခေါင်းဆောင်တွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နေ့လည်ပိုင်းက မြန်မာ လေကြောင်းဖြင့် စစ်တွေမြို့ကိုရောက်ရှိလာခဲ့ပါတယ်။

dtv news - သစ်တောထွက်ပစ္စည်းထုတ်လုပ်မှု အကောက်ခွန်အဖြစ် ရခိုင်ပြည်နယ်မှာ နှစ်စဉ်သစ်တောက ရရှိတဲ့ အခွန်ကျပ်သိန်းပေါင်း ၂၁၆၆ သိန်းကျော်ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ အခွန်ရရှိမှု အနည်းငယ် လျော့နည်းခဲ့တယ်လို့ ပြည်နယ်သစ်တော ဦးစီးဌာနကသိရပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - ရခိုင်ပြည်နယ်အတွင်းမှာ လျှပ်စစ်ဓါတ်အားသုံးစွဲမှုကို လက်ရှိသုံးစွဲမှုထက် လျော့ချသုံးစွဲဖို့အတွက်ကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

dtv news - ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာရှိတဲ့ နိဒင် ဘင်္ဂါလီဒုက္ခသည်စခန်းကို ပိတ်သိမ်းနိုင်ရေး အတွက် နေအိမ်တွေဆောက်လုပ်နေမှုဟာ လက်ရှိမှာ ၅၀ ရာခိုင်နှုန်းအထိ ပြီးစီနေပြီဖြစ်တယ်လို့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရပါတယ်။

dtv news - ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်သူတွေကို ပြစ်မှုတစ်ခု ငွေကျပ်သုံးသောင်းနဲ့ ဒဏ်ရိုက်နေပေမယ့် လက်ရှိအချိန်ထိ ယာဉ်စည်းကမ်း မလိုက်နာမှုတွေဟာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။