dtv news - မောင်တောမြို့နယ်မှာ တည်ဆောက်နေတဲ့ လှဖိုးခေါင် လူနေအိမ်တည်ဆောက်ရာမှာ လုပ်အားခ မရှင်းပေးနိုင်တဲ့အတွက် အလုပ်သမားခေါင်းဆောင်ကို ပေါက်ပြားဖြင့် ရိုက်နှက်မှုတစ်ခု မေလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

သတင်း - ဝံသ (မောင်တော)

dtv news - အခွန်အများဆုံးထမ်းဆောင်တဲ့ ရခိုင်ပြည်နယ်က လုပ်ငန်းရှင်း ၁၀၇ ဦးကို  စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမမှာ ဂုဏ်ပြုချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

dtv news - ရခိုင့်တပ်တော် AA ကနေ ဖမ်းဆီးထားတဲ့ တပ်မတော်သား ၃ ဦးနှင့်ပတ်သက်ပြီး ICRC က တဆင့်လွှဲပြောင်းပေးနိုင်ရေး ကူညီရန် အသင့်ရှိကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ကမေလ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ပေါ်က ရပ်ကွက်အများစုမှာ ရေရှားပါးမှုဖြစ်ပေါ်နေတဲ့အတွက် သက်ဆိုင်ရာဌာနတွေက ရေရရှိရေးဆောင်ရွက်နေကြရပြီး အလားတူ ရေရှားပါးမှုကို ဖြေရှင်းဖို့ အောင်ဒိုင်ကျေးရွာမှာရှိတဲ့ ဆည်ကတစ်ဆင့် ရေဖြည့်ကူစနစ်ဖြင့် ဆောင်ရွက်နိုင်ရေးကို စီစဉ်သွားမယ်လို့ ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုလိုက်ပါတယ်။

dtv news - သြဂုတ်လ ၂၅ ရက်နေ့ရဲ့ မောင်တောအကြမ်းဖက်ဖြစ်စဉ်အတွင်းမှာ ဘင်္ဂါလီနေအိမ်တွေကို ARSA အကြမ်းဖက်သမားတွေ မီးရှိုးဖျက်စီးခဲ့တဲ့ Video မှတ်တမ်းဖိုင်ကို မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြည်ပ မီဒီယာအဖွဲ့ကို သက်သေပြလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ဘဏ္ဍာအခွန်၊စီကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို ရာထူးကနေ ရပ်စဲနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတာကို ကန့်ကွက်ကြောင်း အဖွဲ့အစည်းတစ်ချို့က သဘောထား ထုတ်ပြန်လိုက်ပါတယ်။

dtv news - ရခိုင်ပြည်နယ် မာန်အောင်ကျွန်းရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း ၁၀ ခုကို လုပ်ဆောင်ဖို့အတွက် ပြည်နယ်အစိုးရနဲ့ သဘောတူလက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေတယ်လို့ မာန်အောင်အများပိုင်ကုမ္ပဏီက ပြောပါတယ်။

သတင်း - အောင်ကောင်းဇော်