dtv news - တရားမဝင်လမ်းကြောင်းကနေ ခိုးဝင်လာတဲ့ဘင်္ဂါလီတွေကို လဝကဥပဒေနဲ့အရေးယူသွားမယ်လို့ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

သတင်း - ဝံသ(မောင်တော)

dtv news - မောင်တောမြို့နယ်၊ နံ့သာတောင်ကျေးရွာက နံ့သာတောင်ပရဟိတ ဘုန်းတော်ကြီးကျောင်းကို ပြန်လည်တည်ဆောက်နေပေမဲ့ ကျောင်းသား၊ ကျောင်းသူတွေနေထိုင်ဖို့ အဆောင်တွေနဲ့ စားနပ်ရိက္ခလိုအပ်နေတယ်လို့ ကျောင်းထိုင် ဆရာတော်ဆီက သိရပါတယ်။

သတင်း - ဝံသ (မောင်တော)

စစ်တွေမြို့နယ် ဆတ်ရိုးကျရပ်ကွက် (၁) ကယ်ဆယ်ရေးစခန်းစခန်းမှာ မေလ ၁၅ ရက်နေ့ ၁၁ နာရီကျော်အချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့ နေအိမ် ၁၅ လုံး မီးလောင်ကျွမ်းခဲ့ကာ ၂ လုံးမှာ မီးမကူးစက်နိုင်အောင် ဖြိုဖျက်လိုက်ရတယ်လို့ သိရပါတယ်။

dtv news - ရခိုင်ပြည်နယ်အတွင်းက ဘင်္ဂါလီတွေကို NV ကဒ်ထုတ်ပေးတဲ့အခါမှာ သက်ဆိုင်ရာဌာနတွေဘက်က သေချာစွာစိစစ်ပြီးမှပေးကြဖို့အတွက် မေလ ၁၃ ရက်နေ့က စစ်တွေမြို့မှာ ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း - နေ၀င်းစံ

dtv news - မာန်အောင်မြို့နယ် သိမ္ဗလကျေးရွာအနီးရှိ သိမ္ဗလကမ်းခြေသို့ ရေကစားလာရောက်သူများသည် စနစ်တကျအမှိုက်စွန့်ပစ်မှုမရှိခြင်း၊ အမှိုက်ပုံးများ ချထားမှု အားနည်းခြင်းကြောင့် ဒေသခံများအနေဖြင့် ကမ်းခြေပျက်စီးမှုရှိလာမည်ကို စိုးရိမ်နေကြသည်။

dtv news - မောင်တောမြို့နယ်ရှိ ပိုင်ရှင်မဲ့ဖြစ်နေသည့် လယ်မြေဧက (၇) သောင်းကျော်ကို လာမည့် မိုးရာသီ တစ်ရာသီအတွက် စိုက်ပျိုးနိုင်ရန် ကုမ္ပဏီများကို လုပ်ပိုင်ခွင့်ပေးသွားမည်ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သတင်း - ဝံသ (မောင်တော)

dtv news - မြောက်ဦးမြို့နယ် ကျောက်ကျပ်ကျေးရွာမှာ မေလ ၁၅ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်က ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဇနီးတို့ကို ယခင်အုပ်ချုပ်ရေးမှူးဟောင်းက ဓားဖြင့်ခုတ်တဲ့အတွက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး စစ်တွေပြည်သူ့ဆေးရုံးကြီးမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ သ

သတင်း - စိမ်းကိုကို