dtv news - ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်အဆောက်အဦဟောင်းကို အထကကျောင်းအဖြစ် အသုံးပြုနိုင်ရန် ပြန်လည်ပြုပြင်ခဲ့သော်လည်း အန္တရာယ်ရှိအဆောက်ဦဖြစ်နေ၍ စာသင်ကျောင်းအဖြစ် အသုံးပြုမည် မဟုတ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးက သိရသည်။

သတင်း - ခိုင်ရိုးလ

dtv news - ဘင်္ဂါလီတွေကို NV ကတ်ထုတ်ပေးတဲ့အခါမှာ ခိုးဝင်လာတဲ့ဘင်္ဂါလီတွေကိုမပေးမိအောင် သေချာစွာစီစစ်ပြီးမှ ပေးအပ်ကြဖို့အတွက် မနေ့ကမေလ ၁၃ ရက်နေ့မှာ စစ်တွေမြို့အတွင်း တောင်းဆိုဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ် ခဲ့ကြပါတယ်။

သတင်း - နေ၀င်းစံ

မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ မနှစ်ကပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းပေါင်း ၁၀၀ ကို ထွက်ပြေးသွားတဲ့ဘင်္ဂါလီတွေ ဝင်လာမှုအပေါ်မူတည်ပြီး အခုနှစ်ကျောင်းဖွင့်ရာသီမှာ ဖွင့်လှစ်သွားမယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှကပြောပါတယ်။

ငပလီကမ်းခြေတစ်လျှောက်မှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေကြောင့် ကမ်းခြေရဲ့သဘာဝအလှဟာ တစ်ဖြည်းဖြည်းပျက်စီးမှုတွေရှိလာနေပါတယ်။ 

ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသအတွင်းနေထိုင်ကြတဲ့ ကျေးရွာတချို့မှာ သေက်သုံးရေရှားပါးမှုနဲ့ ကြုံတွေ့နေရတဲ့အတွက် ကျေးရွာနဲ့ တစ်မိုင်ကျော်ဝေးကွာတဲ့ လျိုမြောင်အတွင်းက ရေတွေကို ခတ်ယူသုံးစွဲနေ ရတယ်လို့သိရပါတယ်။ ခမီတိုင်းရင်းသားတွေနေထိုင်တဲ့ မင်းမပိန္နဲကျေးရွာမှာ သောက်သုံးရေအခက်အခဲကြောင့်

သတင်း - ဇောင်း (ပုဏ္ဏားကျွန်း)

dtv news - ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း (ကော့တောင်) မှာ ဗြိတိန်နိုင်ငံသား နှစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး လူသတ်မှုကျူးလွန်တယ်လို့ စွပ်စွဲမှုဖြင့် သေဒဏ်ပေးခြင်းခံထားရတဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ဟာ ပြစ်ဒဏ်လျှော့ပေါ့ခံစားရလိမ့်မယ်လို့ မျှော်လင့်ကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးနေသူတွေက ဆိုပါတယ်။

သတင်း - ကောင်းကောင်း

မောင်တောမြို့နယ်အတွင်း လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ လူငယ်တွေကို ရခိုင်မျိုးစောင့်အုပ်စု ARG က လယ်ယာသုံးစက်ပစ္စည်းများ ထိန်းသိမ်းပြုပြင်ရေးသင်တန်းတစ်ခုကို မေလ ၁၀ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားနေပါတယ်။