- Details
- ကောင်းကောင်း
- Hits: 72
- ကရင်ပြည်နယ်
မြန်မာနိုင်ငံရှိ တိုင်းရင်းသားမီဒီယာတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က (၆) ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံမှာ ပြောဆိုခဲ့ပါတယ်။
- Details
- ဇောင်း(ပုဏ္ဏားကျွန်း)
- Hits: 213
- ပုဏ္ဏားကျွန်း
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ မကြာခဏဆိုသလို ကျွဲ၊ နွားတွေပျောက်ဆုံးနေပေမယ့် ထိရောက်စွာ အရေးယူနိုင်ဖို့ အားနည်းနေတယ်လို့ သိရပါတယ်။ ကျွဲ၊ နွားတွေ မကြာခဏပျောက်ဆုံးနေတဲ့အတွက် ကျွဲ၊ နွားတွေကို အဓိထားပြီး လယ်ယာလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ တောင်သူတွေမှာ အခက်ခဲတွေ များစွာဖြစ်နေပြီး ကျွဲ၊ နွားတွေ ပျောက်ဆုံးနေမှုကြောင့် လိုက်လံရှာဖွေပေမယ့် တချို့သာ ပြန်ရတာတွေရှိတယ်လို့ သိရပါတယ်။
- Details
- ခိုင်မင်း(ကျောက်ဖြူ)
- Hits: 254
- စစ်တွေ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ဧပြီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ အခမဲ့ဆေးကုသပေးမှုကို UEHRD ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့ ပထမဆုံးနေ့အခမဲ့ဆေးကုသပေးရာမှာ ကျောက်ဖြူခရိုင်အတွင်းက ကျန်းမာရေး စောင့်ရှောက်မှုခံယူဖို့လာရောက်သူ လူဦးရေ ၉၈၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
- Details
- နေရောင်မင်း(စစ်တွေ)
- Hits: 77
- စစ်တွေ
တိုင်းရင်းသားဒေသရှိ မီဒီယာတွေစုဖွဲ့ပြီး နှစ်စဉ်ကျင်းပလာတဲ့ (၆) ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမမှာ ယနေ့ ဧပြီလ ၂၇ ရက်နေ့ကစပြီး သုံးရက်ကြာ ကျင်းပနေတယ်လို့ သိရပါတယ်။
- Details
- အောင်ကောင်းဇော်
- Hits: 79
- စစ်တွေ
မာန်အောင်မြိုနယ်ရဲ့ ကျေးလက်ဆင်းရဲမွဲတေမှုကို လျော့ချနိုင်ဖို့အတွက်ရည်ရွယ်ပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကဦးဆောင်ကာ ဆိုင်ကယ်စက်ပြင်ပညာကို ကျေးလက်နေပြည်သူ တွေဆီ ပို့ချသင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။
- Details
- ခိုင်ရိုးလ
- Hits: 169
- စစ်တွေ
ခမီတိုင်းရင်းသားတွေရဲ့ ၈ ကြိမ်မြောက် အမျိုးသားနေ့ကို ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ် ကျင်တလင်းကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ ခမီတိုင်းရင်းသားတွေ တစ်စုတည်းဆုံတွေ့ပြီး ပိုမိုချစ်ခင်စည်းလုံးနိုင်စေဖို့အတွက် ရခိုင်ပြည်နယ်အနှံမှာ နေထိုင်တဲ့ ခမီတိုင်းရင်းသားတွေရဲ့ အမျိုးသားနေ့ကို ကျင်းပရတာဖြစ်တယ်လို့ ပြောပါတယ်။
- Details
- စိမ်းကိုကို
- Hits: 155
- စစ်တွေ
မြိုတိုင်းရင်းသားမဟုတ်ဘဲ မြိုလို့ ခံယူနေတာတွေ၊ မြိုအမည်ခံပြီး လူမျိုးရေးအရ အခွင့်အရေးယူနေကြတာတွေကို သက်ဆိုင်ရာက ခွဲခြားပေးဖို့လိုအပ်တယ်လို့ ရခိုင်ပြည်နယ်အတွင်းက မြိုတိုင်းရင်းသားတွေက ပြောပါတယ်။
Page 32 of 54










