- Details
- ခိုင်ရိုးလ
- Hits: 196
- စစ်တွေ
ရခိုင်ပြည်နယ်အတွင်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံ ချက်နဲ့ ကားလက်မှတ်တွေ မရောင်းချဖို့ကို အမ်းစစ်ဆေးရေးဂိတ်အဖွဲ့က ပြည်နယ် မော်တော်ယာဉ်ပေါင်းစုံထိန်းသိမ်းရေးကော်မတီကို ဧပြီလ ၂၃ ရက်နေ့က ဖုန်းနဲ့ အကြောင်းကြားလာတယ်လို့ သိရပါတယ်။
- Details
- ခိုင်မင်း(ကျောက်ဖြူ)
- Hits: 202
- စစ်တွေ
ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူမြို့ပေါ်ရပ်ကွက်တွေနဲ့ မောင်တောမြို့နယ်က ကျေးရွာအချို့မှာ ရေရှားပါးမှုဒဏ်ကို ယခုလအတွင်းမှာ စတင်ကြုံတွေ့နေရပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှာဆိုရင် နှစ်စဉ်ရေရှားပါးတဲ့ဒုက္ခကို ခံစား ကြရပြီး လက်ရှိအချိန်မှာလည်း ရေရှားပါးနေပြီဖြစ်သလို ရေပေးဝေမှုဟာလည်း နေ့စဉ်နေတိုင်းမရရှိတဲ့အတွက် ရေကိုအလုအယက် ခတ်နေကြရတယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
- Details
- ခိုင်ရိုးလ
- Hits: 212
- စစ်တွေ
ရခိုင်ရိုးရာယဉ်ကျေးမှုမှာ မပါမဖြစ်တဲ့ မင်္ဂလာစည်တော်ကို ယခင်နှစ်တွေထက် အခုနှစ်မှာ ဝယ်ယူသူများပြားလာနေတယ်နေလို့ သိပါတယ်။
- Details
- နေဝင်းစံ
- Hits: 89
- စစ်တွေ
ဇန်နဝါရီလ ၁၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ မြောက်ဦးဆန္ဒဖော်ထုတ်မှုမှာ အရပ်သား ၇ ဦးအထိ သေဆုံးခဲ့ရပြီး အဲဒီဆန္ဒဖော်ထုတ်မှုမှာပါဝင်တယ်ဆိုတဲ့အမှုနဲ့ ဖမ်းဆီးထားသူ ၈ ဦးကို ဧပြီလ ၂၃ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးမှာ ၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
- Details
- ခိုင်ရိုးလ
- Hits: 70
- စစ်တွေ
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူငယ် ၁၀၀ ဦးကို ပထမဆုံးအကြိမ်အဖြစ် အခြေခံမီးသတ်သင်တန်းကို ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့ကစတင်ပြီး ၂ ပတ်ကြာ စာတွေ့၊လက်တွေ သင်ကြားပို့ချပေးနေတယ်လို့ သိရပါတယ်။ အခုလို မီးသတ်သင်တန်းတက်ရောက်သူတွေဟာ အလယ်တန်းကျောင်းသားတွေဖြစ်ပြီး စစ်တွေမြို့ အ.ထ.က(၂) ကျောင်းမှာ အဲဒီသင်တန်းကို ပို့ချပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
- Details
- အောင်ကောင်းဇော်
- Hits: 189
- စစ်တွေ
မာန်အောင်မြို့နယ်ရဲ့ အထင်ကရဖြစ်တဲ့ မေဃ၀တီဂန္ဓပ္ပမြေနီတောင်ပေါ်မှာ ကဆုန်လပြည့် ညောင်ရည်သွန်းပွဲတော်ကို မြေနီတောင်ဘက်စုံဖွံ့ဖြိုးတိုတက်ရေးအဖွဲ့ခေါင်းဆောင် တေးသံရှင် ကိုကိုနှိင် (ဗျာလ) ကွယ်လွန်တဲ့ ၃ လပြည့်အထိမ်းအမှတ်အဖြစ် လာမယ့်ဧပြီလ ၂၉ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
- Details
- နေဝင်းစံ
- Hits: 65
- စစ်တွေ
စစ်တွေအကျဉ်းထောင်အတွင်းမှာ အကျဉ်းသားတွေအစာငတ်ခံပြီး ထောင်တွင်းဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့မှာ သတင်းတွေထွက်ပေါ်လာမှုအပေါ် မီဒီယာတွေက ထောင်ပိုင်ကြီးဆီသွားရောက် မေးမြန်းခဲ့ပေမယ့် လူချင်းအတွေ့မခံဘဲ ထောင်ပြင်ပ တာဝန်ကျဝန်ထမ်းတစ်ဦးကို စစ်တွေအကျဉ်းထောင်အတွင်း ဘာမှမဖြစ်ဘူးလို့ တစ်ဆင့်စကား ပါးခိုင်းလိုက်ပါတယ်။
Page 33 of 54










