ပြည်သူတွေရဲ့လိုအပ်ချက်ကို ဘတ်ဂျက်မှာ ထည့်သွင်းရေးဆွဲနိုင်ဖို့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဟာ လွှတ်တော်တက်ဖို့လိုအပ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်က ပြောပါတယ်။

အကြမ်းဖက်ဘင်္ဂါလီတွေရဲ့ မကြာခဏသတ်ဖြတ်တာကို ခံနေရတဲ့ မောင်တောဒေသအတွင်းက မြို၊ ခမီ၊ သက်၊ ဒိုင်းနက်(သက္ကမ)တိုင်းရင်းသားတွေရဲ့ ဘဝလုံခြုံရေးအတွက် လုံခြုံရေးအခြေအနေတိုးမြှင့် ချထားပေးဖို့ လိုလား နေကြပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းမှာ သင်္ကြန်ကာလအတွင်း လုံခြုံမှုရှိစေဖို့အတွက် ရဲအင်အား ၃၀၀၀ ခန့်ကို ချထားဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။ လက်ရှိမှာ လုံခြုံရေးအတွက်ကြိုတင်ပြီး လှည့်ကင်း၊ ရပ်ကင်းတွေဆောင်ရွက်နေသလို မသင်္ကာဖွယ်ရာ ဧည့်သည်စိမ်းတွေကိုလည်း စောင့်ကြည့်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ငွေကျပ်သန်းပေါင်း ၁၁၀၀၀ ကျော်တန်ဖိုးရှိတဲ့ စာသင်ကျောင်းအပါအဝင် ကျောင်းအဝင်လမ်း၊ ဆရာ၊ ဆရာမနားနေဆောင်နဲ့ ကျောင်းခြံစည်းရိုးတွေကို မောင်တောမြို့နယ် ကိုင်းကြီး(မြို)ကျေးရွာမှာ ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ဆောင်ရွက်မယ့် ၆ လာတာဘတ်ဂျက်ငွေထဲက ကျပ်သန်းပေါင်း ၆၀၀၀ ကျော်ကို ရခိုင်ပြည်နယ်လွှတ်တော်ကနေ ဖြတ်တောက်လိုက်ပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာမှာပါဝင်သွားတဲ့ လယ်ယာမြေလျော်ကြေးငွေရရှိရေးအတွက် ဧပြီလ ၇ ရက်နေ့က အမ်းတောင်သူတွေ အစာငတ်ခံဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ စီပွားရေးနှင့် တစ်ခြားကိစ္စရပ်တွေဟာ အားနည်းနေဆဲဖြစ်တယ်လို့ တိုင်းရင်းသားလူမျိုးစုတွေက ပြောဆိုနေကြပါတယ်။