ဒေါက်တာကျော့သာစိန်ကတော့ ဆေးရုံတက်ပြီး ဆေးကုသမှု မခံယူနိုင်တဲ့သူတွေကို အခကြေးငွေမယူပဲ ကိုယ်တိုင်သွားရောက် ဆေးကုသပေးနေတာဖြစ်ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ဟာ လွန်ခဲ့တဲ့နှစ်(၂၀) ၁၉၉၈ ခုနှစ်က အိန္ဒိယအပိုင် အန်ဒမန်ကျွန်းစုရှိ လန်း(ဒ်)ဖော့ကျွန်းမှာ ရခိုင်ပြည်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာအပါအဝင် ရခိုင်နှင့် ကရင်တော်လှန်ရေးခေါင်းဆောင် (၆) ဦး အသတ်ခံရကာ ရဲဘော် (၃၄) ဦး ဖမ်းဆီးခံခဲ့ရတဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို DMG ဝိုင်းတော်သားများက စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

မောင်တောခရိုင်အတွင်း ၂၀၁၈ ခုနှစ် ၊ မိုးစပါးစိုက်ပျိုးရာသီမှာ စိုက်ပျိုးဖို့ လျှာထားခဲ့တဲ့ လျှာထားချက်ပြည့် မီ အောင် စိုက်ပျိုးနိုင်မှု မရှိခဲ့ဘူးလို့သိရပါတယ်။ မောင်တောခရိုင်အတွင်းမှာ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း စိုက်ပျိုးနိုင်ရန်အတွက် လယ်မြေ ဧက ၁၇၀၀၀ ကျော်ကို လျှားထားခဲ့ပေမယ့် အမှန်တကယ် စိုက်ပျိုးတဲ့ အချိန် မှာတော့ လျာထားသလောက် စိုက်ပျိုးနိုင်မှုမရှိဘူးလို့ မောင်တောခရိုင် စိုက်ပျိုးရေးမှူး ဦးသာကျော်က ပြောပါတယ်။

သတင်း - ဝံသ(မောင်တော)

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာမှာရှိတဲ့ဒုက္ခသည်စခန်းကို အပြီးတိုင်ပိတ်သိမ်းလိုက်ပြီးစခန်းတွင်းနေထိုင်သူတွေကိုနိဒင်ကျေးရွာရဲ့အနောက်ဘက်လယ်ကွင်းမှာပြန်လည်နေရာချပေးထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်ကပြောပါတယ်။

သတင်း- နေဝင်းစံ

၁၉၈၈ ကစတင်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှု ၈ လေးလုံးအရေးတော်ပုံဟာ အခု ၂၀၁၈ ခုနှစ်မှာ အနှစ် ၃၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့် ဒီမိုကရေစီစနစ်ပြည့်ဝတဲ့တိုင်းပြည်မဖြစ်သေးဘူးလို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ရုံးထုတ်စစ်ဆေးတဲ့ ရုံးချိန်းတိုင်းမှာ လုံခြုံရေးအကြောင်းအရ တစ်ခြားအမှုရင်ဆိုင်နေရသူတွေကို ရုံးထုတ်စစ်ဆေးခြင်းမရှိတဲ့အတွက် နစ်နာမှုတွေရှိနေပြီး ဒါတွေကို ဖြေလျော့ပေးဖို့ လိုအပ်တယ်လို့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို သြဂုတ်လ ၅ ရက်နေ့က စစ်တွေမြို့မှာပြုလုပ်ခဲ့ကြပါတယ်။