ဒေါက်တာအေးမောင်ကို ဖမ်းဆီးပြီး ၂ နာရီခန့်အကြာမှာ သက်ဆိုင်ရာရဲတပ်ဖွဲ့က ဒေါက်တာအေးမောင်ရဲ့နေအိမ်အတွင်း မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)နဲ့ လိုအပ်တဲ့ သက်သေအထောက်အထားတွေကို အသိသက်သေတွေနဲ့ အတူ လာရောက်ရှာဖွေခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့မှာ လူဦးရေထူထပ်လာနေတဲ့အတွက် မြို့သစ်စီမံကိန်းတစ်ခုကို ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလလောက်ကနေ စတင်လုပ်ဆောင်နေတာဖြစ်ပြီးတော့ စီမံကိန်းပြီးတဲ့အခါမှာလည်း ပိုလျှံတဲ့မြေတွေကို ပြန်လည်ရောင်းချပေးသွားမယ်လို့ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သူ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က DMG ကို ပြောဆိုလိုက်ပါတယ်။

မြောက်ဦးမြို့မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်တဲ့အတွက် မြို့နယ် ၁၇ မြို့နယ်မှာ လုံခြုံရေးကိုတိုးမြှင့်ချထားတယ်လို့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။

စစ်တွေမြို့နယ်အတွင်း နေရာ ၁၀ ခုကို ဖြန့်ခွဲပြီးတော့ လုံခြုံရေးတိုးမြှင့်ချထားတာဖြစ်ပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်း တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဇန်နဝါရီလ ၁၈ ရက် နေ့လည် ၁ နာရီက စစ်တွေမြို့ အိုးတန်းရပ်ကွက်မှာရှိတဲ့ သူရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးသွားပြီး စစ်တွေမြို့အမှတ်(၁)ရဲစခန်းကို ခေါ်ဆောင်သွားကာ စစ်ဆေးမှုတစ်ချို့ပြုလုပ်ခဲ့ပြီးတော့ စစ်တွေအကျဉ်းထောင်မှာထိန်းချုပ်ထားဖို့ ဆက်လက်ခေါ်ဆောင်သွားခဲ့ပါတယ်။

ရသေ့တောင်မြို့နယ်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရခိုင်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) နှစ်မြောက် အထိမ်းအမှတ်စာပေဟောပြောပွဲမှာ ဟောပြောခဲ့တဲ့ ဒေါက်တောအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင် တို့နှစ်ဦးကို နိုင်ငံတော်အကြည်အညိုပျက်စေမှု၊ မတရားအသင်းဆက်နွယ်မှုတွေနဲ့ ရသေ့တောင်မြို့နယ် ရဲစခန်းက တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

မြောက်ဦးမြို့မှာ ရဲတွေနဲ့ မြို့လူထုတွေ ပဋိပက္ခဖြစ်ပွားရာမှာ ရဲတွေ သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးသွားတဲ့ ဒေသခံ ၇ ဦးအတွက် သက်ဆိုင်တဲ့သူတွေကို ထိရောက်စွာ အရေးယူပေးဖို့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုပ်ပေးစေချင်တယ်လို့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။

ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အခမ်းအနားမှာ ဒေါက်တာအေးမောင် စာပေဟောပြောမယ်လို့ သိရတဲ့အတွက် ဗဟုသုတရအောင်ဆိုပြီး နားထောင်ဖို့ လာရောက်တဲ့အခါမှာ ဟောပြောခွင့်မပြုတဲ့အတွက် ဆန္ဒပြရာကနေ လူအုပ်စုကို ရဲတွေက သေနတ်နဲ့ ပစ်ခတ်လိုက်တာကြောင့် သေဆုံးရာမှာ မောင်တစ်ဦးပါဝင်သွားတယ်လို့ အစ်မဖြစ်သူက DMG ကို ပြောပါတယ်။

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ရဲ့ နုတ်ထွက်စာအပေါ်မှာ ရခိုင်အမျိုးသားပါတီဝင်တွေဆီက အမြင်သုံးမျိုး ထွက်ပေါ်လာတယ်လို့ သိရပါတယ်။

ဒေါက်တာအေးမောင်ကို ပါတီကနှုတ်ထွက်ခွင့်ပေးသင့်တယ်ဆိုတဲ့အမြင်၊ ပါတီမှာ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင် ဖို့အတွက် ရဟန်း၊ လူ့ပုဂ္ဂိုလ်တွေပါဝင်တဲ့ကြားခံအဖွဲ့တစ်ခုဖွဲ့ပြီးတော့ သွားရောက်ဆွေးနွေးသင့်တယ်ဆိုတဲ့အမြင်နဲ့ ဒေါက်တာအေးမောင်ရဲ့နှုတ်ထွက်စာတင်မှုအပေါ် ပြန်လည်စဉ်းစားဖို့ အချိန်ပေးသင့်တယ်ဆိုတဲ့ အမြင်တွေ ထွက်ပေါ် လာတာဖြစ်ပါတယ်။

နယ်စပ်ခြံစည်းရိုးအနီးမှာရှိတဲ့ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ကနေ တပ်မတော်သားတွေကို တင်ဆောင်လာတဲ့ တေဘာကားတစ်စီးမှာ တရိန်းကျေးရွာနဲ့ ကျွန်းပေါက်ကျေးရွာကြားတွင် ဒီကနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဆွဲမိုင်းဖောက်ခွဲခံရပြီး စစ်ဗိုလ်ကြီးတွေ ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ တရိန်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
နယ်စပ်ခြံစည်းရိုးကို တည်ဆောက်နေတဲ့ GE တပ်သားတွေဟာ စစ်ဗိုလ်အရာရှိတစ်ဦးကို ဆေးကုဖို့ လုပ်ငန်းခွင်အတွင်းက သဲ၊ ကျောက်သယ်ဆောင်နေတဲ့ တေဘာကားတစ်စီးနဲ့ မောင်တောမြို့သို့ လာရောက်ရာမှာ ဆွဲမိုင်းဖောက်ခွဲခံခဲ့ရတာပါ။