- Details
- မောင်ဇော်ခိုင်
- Hits: 44
- တောင်ကုတ်
တောင်ကုတ်မြို့ပေါ်မှာ ဒီဇင်ဘာလ ၂၃ ၊ ၂၄ နှစ်ရက်တာကျင်းပခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကနေ မြို့နယ်ကော်မတီတွေကို အဓိကဖွဲ့စည်းနိုင်ဖို့အတွက် ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
အရင်ကရှိခဲတဲ့ မြို့နယ်အလိုက်ကော်မတီတွေကို ပါတီဆိုင်းဘုတ်တွေတင်ပြီး ရုံးတွေဖွင့်လှစ်ဖို့နဲ့ ပါတီစည်းရုံးရေးခရီးစဉ်တစ်လျှောက်မှာ ကျောက်ဖြူ၊ ရမ်းဗြဲစတဲ့မြို့နယ်တွေမှာ မြို့နယ်ပါတီရုံးခွဲတွေဖွင့် လှစ်သွားဖို့ရှိတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ပြောပါတယ်။
- Details
- နေရောင်မင်း(စစ်တွေ)
- Hits: 58
- စစ်တွေ
၂၀၁၈ ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ စီစဉ်ထားတဲ့ တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးအတွက် ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်မှာ ခရိုင်အလိုက် လူထုတွေ့ဆုံပွဲ ပြုလုပ်သွားမယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ စောမြရာဇာလင်းက DMG ကို ပြောပါတယ်။
အဲဒီလူထုတွေ့ဆုံပွဲကို လာမယ့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ တတိယအပတ်မှာ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦးနဲ့ စစ်တွေမြို့တွေမှာ ခရိုင်အလိုက်ပြုလုပ်သွားမှာဖြစ်ပြီး မောင်တောခရိုင်ကိုတော့ စစ်တွေခရိုင်နဲ့ ပေါင်းပြီးကျင်းပသွားမှာဖြစ်သလို ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် ရန်ကုန်မြို့မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ စောမြရာဇာလင်းက ဆိုပါတယ်။
- Details
- ဇေယျာလင်း (ငပလီ)
- Hits: 182
- သံတွဲ
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဇလွန်မဒေးကျေးရွာမှာရှိတဲ့ မပုတ်မသိုးတဲ့ ဆရာတော်နှစ်ပါးထဲက ဆရာတော် ဦးကဝိနန္ဒရဲ့ အထိမ်းအမှတ်ပူဇော်ပွဲကို လာမယ့် ပြာသိုလဆန်း ၁၄ ရက်နေ့နဲ့ ပြာသိုလပြည့်နေ့တွေမှာ ကျင်းပသွားဖို့ရှိနေတယ်လို့ သိရပါတယ်။
ဇလွန်မဒေးကျေးရွာ၊ ဓမ္မသစ္စာကျောင်းတိုက်အတွင်းမှာ ဆရာနှစ်ပါးရဲ့ မပုတ်မသိုးရုပ်အလောင်းတွေဟာ အံသြဖွယ်ရှိနေတာဖြစ်ပြီးတော့ ပထမဆရာတော်ဦးသုဇာတ ပျံလွန်တော်မူခဲ့တာနှစ်ပေါင်း ၃၃ နှစ် ကြာခဲ့ပြီဖြစ်သလို ဒုတိယဆရာတော် ဦးကဝိနန္ဒမှာလည်း မပုတ်မသိုးဘဲ ရှိနေတာဖြစ်ပြီးတော့ ဆရာတော်နှစ်ပါးရဲ့ရုပ်ကလပ်တွေနဲ့ ပတ်သက်တဲ့ ထူးခြားချက်တွေကိုတော့ ဇလွန်မဒေးကျေးရွာ၊ ဓမ္မသစ္စာကျောင်းတိုက်ဆရာတော် ဦးပညာစာရ က အခုလို မိန့်ကြားပါတယ်။
- Details
- ပြည့်စုံ
- Hits: 214
- စစ်တွေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကပိုင်ရွှေကျားရက္ကန်းလုပ်ငန်းက လက်ရက်ကန်းထည်တွေဖြစ်တဲ့ ရခိုင်အချိတ်တွေကိုရောင်းချပေးဖို့ ဟောင်ကောင်နဲ့ သြစတြီးယားနိုင်ငံတွေက ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
- Details
- ဇေယျာလင်း (ငပလီ)
- Hits: 62
- ငပလီ - ပုလဲကျွန်း
ရခိုင်ပြည်နယ်အတွင်းက ကမ္ဘာကျော် ငပလီကမ်းခြေကို လာရောက်လည်ပတ်သူတွေအနေနဲ့ ငပလီကမ်းခြေအနီးက နာမည်ကျော် ပုလဲကျွန်းဟာ သွားရောက်လည်ပတ်ဖို့ကောင်းတဲ့ နေရာတစ်ဖြစ်ပါတယ်။ ပုလဲကျွန်းဟာ ငပလီမြို့ မြပြင်ရပ်ကွက်ကမ်းခြေအနီးမှာ တည်ရှိပြီးတော့ အပျော်စီးလှေနဲ့ မိနစ် ၂၀ သွားရင် ပုလဲကျွန်းကိုရောက်ရှိနိုင်ပါတယ်။
- Details
- ဖဒူ ထွန်းအောင်
- Hits: 46
- ရန်ကုန်
ရခိုင်အရေးကိစ္စနဲ့ပတ်သတ်ပြီး အမှန်တရားကို ဖော်ထုတ်နိုင်ဖို့အတွက် နယ်မြေအနေအထားအရကြည့်ရင် အင်အားရှိတယ်လို့ယူဆနိုင်ပေမယ့် ကမ္ဘာကြီးနဲ့ယှဉ်ရင် ရခိုင့်အရေးသတင်းတွေဟာ အမှန်တရားပျောက်ကွယ်နေတဲ့ အချိန်ဖြစ်တာကြောင့် ရခိုင်အရေးဖြေရှင်းရာမှာ အမျိုးသားရေးစိတ်ဓာတ်တစ်ခုတည်းနဲ့ ဖြေရှင်းရင်
- Details
- နေဝင်းစံ
- Hits: 204
- စစ်တွေ
အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုပပျောက်စေရေးအတွက် ဖဲကြိုးဖြူတွေတပ်ဆင်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၆ ရက်တာလှုပ်ရှားမှုကို ရခိုင်ပြည်နယ်မှာ ပြုလုပ်လျက်ရှိပါတယ်။
Page 43 of 54








