ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာရှိတဲ့ CNPC တရုတ်ကုမဏီမှ ရေနံတင်သင်္ဘောတွေ ဆိုက်ကပ်လာနေတာကြောင့် မဒေးကျွန်းနှင့်ကျောက်ဖြူမှ ရေလုပ်သားတွေမှာ ရေလုပ်ငန်းကိုလုပ်ဖို့အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ကလေးငယ်လေးတွေ ပျော်ရွင်စွာနဲ့ ပန်းချီကို စိတ်ပါဝင်စားစွာ ရေးဆွဲနေကြတဲ့မြင်ကွင်းဟာ ကြည်နူးစရာ ကောင်းလှပါတယ်။ ကလေးငယ်လေးများဟာ တစ်ဦးနဲ့တစ်ဦး မင်းပန်းချီထက် ငါ့ပန်းချီက လှတယ်လို့ သူတို့ ရေးဆွဲထားတဲ့ ပန်းချီကားလေးတွေကို ပြိုင်ဆိုင်နေကြတာဟာလည်း အလွန်ချစ်စရာ ကောင်းလှပါတယ်။ 

ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေးကော်မတီက ဦးဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ၅ ဦးအဖွဲ့နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပါဝင်တဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ ဒီနေ့ နံနက် ၁၁ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ 

နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့ ရမ်းဗြဲမြို့မှာ ရခိုင်ရိုးရာဓလေ့ဖြစ်တဲ့ ရမ္မာဝတီလှေလှော်ပြိုင်ပွဲနဲ့ ကျင်ကိုင်ပြိုင်ပွဲကို ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှ စတင်ကာ ၁၅ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပနေတယ်လို့ သိရပါတယ်။ 

ရခိုင်ပြည်နယ်ထဲမှာ အစည်ကားဆုံး ဗုဒ္ဓပူဇနိယပွဲတော်များထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ် ဗုဒ္ဓပူဇနိယပွဲတော်မှာ ပျော်ပွဲရွင်ပွဲတွေဖြစ်တဲ့ ရိုးရာပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မှု လျှော့နည်းခဲ့ပေမယ့် ပွဲတော်ကာလတွင်း လာရောက်လည်ပတ်သူတွေကတော့ ယခင်နှစ်တွေကထက် များပြားခဲ့ပါတယ်။ 

ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ရခိုင်အမျိုးသမီးတွေပါပတ်သက်လုပ်ဆောင်နိုင်ဖို့အတွက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ယပ်လှဲကျောင်းပရိယတ္တိ စာသင်တိုက်မှာ မေလ ၁၃ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ အလုပ်ရုံဆွေးနွေးပွဲကို ၂ ရက်တိုင်တိုင် ကျင်းပနေပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသကို ရောက်ရှိခိုလှုံလာကြတဲ့ ဘင်္ဂလားဒေရှ်နိုင်ငံက ရခိုင်တိုင်းရင်းသားတွေနဲ့ မောင်တောမှာရှိနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် အချို့ဟာဆိုရင် ၂၀၁၆ ခုနှစ် အောက်တိုဘာ အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်းမှာ ရပ်တည်ရ ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။