ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မာန်အောင်မြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ ရခိုင်လူငယ်အကြိုညီလာခံက ရလဒ်တွေနဲ့ ညီလာခံကြီး ဖြစ်မြောက်ဖို့ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေကို ရသေ့တောင်မြို့မှာ မာန်အောင်သွားတက်ရောက်ခဲ့တဲ့ လူငယ်ကိုယ်စားလှယ် ၅ ဦးက ယနေ့ ရှင်းလင်းပွဲ လုပ်ပါတယ်။ 

လူမျိုးရေးပြဿနာတွေကြောင့် ၂၀၁၄ ခုနှစ်ကတည်းကနေ မောင်တောမြို့မြောက်ပိုင်း အထက်ပြူးမကျေးရွာမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ပြောင်းရွေ့နေထိုင်နေကြတဲ့ ရခိုင်မျိုးနွယ်စုဝင်အိမ်ထောင်စုဝင်တွေဟာ စားဝတ်နေရေးအဆင်မပြေမှုတွေ ဖြစ်ပေါ်နေတာကြောင့် မောင်တောမြို့တောင်ပိုင်းကျေးရွာများသို့ ပြောင်းရွေ့နေထိုင်နေကြပြီး လက်ရှိမှာ အကူအညီတွေ လိုအပ်နေကြောင်း သိရပါတယ်။

 

အခုနှစ် မြောက်ဦးမြို့ ရခိုင်ရိုးရာသင်္ကြန်မှာ မကျင်းပတာကြာပြီဖြစ်တဲ့ နံ့သာသွေးပြိုင်ပွဲနဲ့ သံချပ်ပြိုင်ပွဲတွေကို လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီး ကျင်းပသွားမယ်လို့ ပွဲစီစဉ်နေသူတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တည်နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ပွဲတော်အား မတ်လ ၂၀ ကနေ ၂၆ ရက်နေ့အထိ မြို့မဘောလုံးကွင်းမှာ ပြည်နယ်အတွင်း ဆယ်စုနှစ်ကြာတိမ်မြှပ်ပျောက်ကွယ်နေတဲ့ ရခိုင်ရိုးရာအားကစားပွဲတွေနဲ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ 

 

ရခိုင်ပြည်နယ် သံတွဲခရိုင်၊ ငပလီမြို့၊ မြပြင်ရပ်ကွက်မှာ ပျော်ပျော်ရွှင်ရွှင်ဖြစ်စေဖို့ကို ရည်ရွယ်ပြီး ရခိုင်ရိုးရာ နွားခြေမောင်းပြိုင်ပွဲကို မတ်လ ၂၅၊ ၂၆ နှစ်ရက်တိုင်တိုင် စည်ကားစွာ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

ရခိုင်တက္ကသိုလ်ကျာင်းသား၊ကျောင်းသူတွေအတွက် အမှန်တကယ်လိုအပ်နေတဲ့ ရခိုင်ကျောင်းသားသမဂ္ဂကို ပြန်လည်အသက်ဝင်လာနိုင်ဖို့အတွက် တက္ကသိုလ်အသီးသီးက ကျောင်းသားလူငယ်တွေက ဦးဆောင်ပြီး ကျောင်းသားထုတွေကို စည်းရုံးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ကွဲကွာနေတဲ့ လူငယ်တွေကို ပြန်လည်စုစည်းဖို့နဲ့ လူငယ်တွေအားလုံးပါဝင်တဲ့ အဖွဲ့တစ်ခုပေါ်ပေါက်လာဖို့ကို ရည်ရွယ်ပြီး ရသေ့တောင်မြို့နယ်မှာ လူငယ်ညီလာခံတစ်ခုကို ဧပြီလမှာ ကျင်းပသွားမယ်လို့ ဦးဆောင်သူတွေက ပြောဆိုကြပါတယ်။