ရခိုင်ရိုးရာအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်တဲ့အနေနဲ့ တပေါင်းလပြည့်နေ့မှာ သံမြို့နယ် ငပလီကမ်းခြေ Public Area မှာ သျှစ်သောင်းမြောက်ပွဲခေါ် သဲပုံစေတီပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် စည်းကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပြီး စစ်တွေကမ်းခြေမှာလည်း ကျင်းပသွားမယ်လို့ ဦးဆောင်ပြုလုပ်တဲ့သူတွေက ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ ဂီတနဲ့ သီချင်းဆိုဝါသနာပါတဲ့ သူတွေကို အဆိုတော်တစ်ယောက်ဖြစ်အောင် ပြုလုပ်ပေးနေတဲ့ Myanmar Idol မှာ ရခိုင်ပြည်နယ် မာန်အောင်မြို့ဇာတိဖြစ်တဲ့ ရခိုင်အမျိုးသား ကိုသားငယ်က ၀င်ရောက်ယဉ်ပြိုင်နေပါတယ်။

 

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊  ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တခြားလုပ်ငန်းစဉ်တွေမှာ လူငယ်တွေအနေနဲ့ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပြီး ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ လူငယ်တွေ့ဆုံပွဲတစ်ခုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်နေကြပါတယ်။

လူငယ်တွေအနေနဲ့ ငြိမ်းချမ်းရေးကို စိတ်ပါဝင်စားဖို့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ကို ရည်ရွယ်ပြီး ကျောက်တော်မြို့မှာ လူငယ် ၂၀၀ လောက်က တွေ့ဆုံဆွေးနွေးနေကြပါတယ်။

 

စစ်တွေမြို့ ၊ ဝင်္ကပါကွင်းမှာ မြို့လုံးကျွတ်ရခိုင်ရိုးရာ ရထားဆွဲပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၇ ရက်နေ့ကနေ စတင်ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက “ ရိုးရာအမွေအနှစ်တွေကို ဖော်ထုတ်ထိန်းသိမ်းတာဟာ လူမျိုးတစ်မျိုးရဲ့ ဂုဏ်သိက္ခာတွေ၊ တန်ဖိုးတွေကို မြှင့်တင်တာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ လူငယ်တွေ မူးယစ်ဆေးဝါး ကြိုတင်ကာကွယ်နိုင်ဖို့၊ ပညာရေးမြှင့်တင်မှူတွေမှာ အထောက်အကူဖြစ်စေဖို့နဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပူးပေါင်းဝင်နိုင်ဖို့ အမ်းလူငယ်ဖိုရမ်ကို ဖေဖော်ဝါရီလ ၄ ရက်နေ ၆ ရက်နေ့ထိ သုံးရက်တာ ကျင်းပနေပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့၊ မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲမြို့တို့မှာ ရက္ခပူရသာသနာ့လင်္ကာရအသင်းက ဦးဆောင်ပြုလုပ်တဲ့ ဒုတိယအကြိမ် ရက္ခပူရသာသနာလင်္ကာရ စာပေးပွဲကြီးကို ဇန်န၀ါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်ထဲက သံဃာတော်တွေ အပါအ၀င် တိုင်းနှင့်ပြည်နယ် အသီးသီးက သံဃာတော် ၇၀၀ ကျော် ပါဝင်ဖြေဆိုခဲ့ကြပါတယ်။