- Details
- နေဝင်းစံ
- Hits: 2321
- စစ်တွေ
စစ်တွေမြို့အတွင်းက ကျူးကျော်နေထိုင်သူတွေကိုဖယ်ရှားသွားဖို့အတွက် ရခိုင်ပြည်နယ်အစိုးရက စီစဉ်နေပြီး လတ်တလောမှာတော့ ကျူးကျော်နေထိုင်သူတွေရဲ့စာရင်းကို ကောက်ယူပြုစုနေတယ်လို့ သိရပါတယ်။ ကျူးကျော်နေထိုင်သူတွေဟာ စစ်တွေမြို့အတွင်းက မီးလောင်မြေနေရာတွေနဲ့ အစိုးရပိုင်မြေနေရာတွေမှာ နေထိုင်နေကြတာဖြစ်တဲ့အတွက် ဒါတွေကိုဖယ်ရှားပြီး အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မင်းဂံရပ်ကွက်ကမြေနေရာမှာ ပြန်လည်နေရာချထားပေးသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စည်ပင်ဝန်ကြီးဦးဝင်းမြင့်ကပြောပါတယ်။
သတင်း - နေဝင်းစံ
- Details
- ဝံသ(မောင်တော)
- Hits: 1244
- မောင်တောမြို့
မောင်တောမြို့နယ်မှာ သက်ငယ်မုဒိမ်းမှု လျော့ကျရေးအတွက် အထက (၁) ကျောင်းခန်းမမှာ ဇူလိုင်လ သြဂုတ်လ ၂ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှ ကြီးမှူးပြီး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီအသိပညာပေးဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေနဲ့ မြို့ပေါ် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေက တက်ရောက်ခဲ့ကြပါတယ်။
- Details
- ဝံသ(မောင်တော)
- Hits: 2563
- မောင်တောမြို့
မောင်တောမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးတာတွေနဲ့ မော်တောယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေရဲ့ တန်ချိန်တွေကို မောင်တောခရိုင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းဦးစီးဌာနက တိုင်းတာမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သတင်း - ဝံသ (မောင်တော)
- Details
- စိမ်းကိုကို
- Hits: 672
- စစ်တွေ
ရခိုင်တိုင်းရင်းသား ပန်းချီဆရာတစ်ဦးဖြစ်တဲ့ မောင်မောင်စော(ရခိုင်ညွှ့န်ဖူး)ရေးဆွဲတဲ့ ပန်းချီကား ၈၀ ကျော်ပါဝင်တဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲကို လာမယ့် သြဂုတ်လ ၈ ရက်နေ့ကစတင်ပြီး အမှတ်(၁) ပန်းချီပြခန်း၊ အမှတ် ၁၇ တက္ကသိုလ်ရိပ်သာလမ်း ဗဟန်းမြို့နယ်မှာကျင်းပသွားမယ်လို့ သိရပါတယ်။
- Details
- ဇောင်း(ပုဏ္ဏားကျွန်း)
- Hits: 363
- ကျောက်တော်
ကျောက်တော်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ကျေးရွာသုံးရွာရှိ အခြေခံပညာကျောင်းတွေ ခေတ္တပိတ်ပင်ထားရတယ်လို့ သိရပါတယ်။ ဒီအပတ်အတွင်း ရခိုင်ပြည်နယ် မြို့နယ်အများစုမှာ မိုးများနေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေပြီး ကျောက်တော်မြို့နယ်မှာ လမ်းတွေရေလျှံနေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ
- Details
- စိမ်းကိုကို
- Hits: 371
- စစ်တွေမြို့
ရခိုင်ပြည်နယ်၊ စစ်တွေလေယာဉ်ကွင်းပိုင်မြေအတွင်း ငှားရမ်းကာ စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ မိသားစုဝင်တွေကို သက်ဆိုင်ရာက ဇူလိုင်လ ၂၀ ရက်နေ့ အပြီးဖယ်ရှားပေးရန် စာထုတ်လိုက်တဲ့အတွက် စိုက်ပျိုးရေးလုပ်ကိုင်နေ တဲ့ မိသားစုဝင် ၂၀ ခန့်ဟာ နေအိမ်တွေကိုပြောင်းရွေ့နေကြပါတယ်။
- Details
- ခိုင်ရိုးလ
- Hits: 335
- စစ်တွေ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်းဦးတင်မောင်ဆွေကို ဝေဖန်ပြောဆိုမှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဦးအောင်သန်းဝေရဲ့အမှု အာမခံလျှောက်ထားချက်ကို ဇူလိုင်လ ၂၅ ရက်နေ့ရုံးချိန်းမှာ စစ်တွေမြို့နယ် တရားရုံးက ပယ်ချလိုက်ပါတယ်။
Page 5 of 54











