dtv news - မာန်အောင်မြို့နယ်အတွင်း ဆိုလာစနစ်နှင့် ၂၄ နာရီ မီးပေးနိုင်ရေးအတွက် မတ်လ ၈ ရက်နေ့မှ တတိယအကြိမ်မြောက် လာရောက်စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

သတင်း - အောင်ကောင်းဇာ်

dtv news - ရခိုင်ပြည်နယ်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးက စွပ်စွဲပြစ်တင်ထားတဲ့ ကိစ္စအပေါ် ရခိုင်ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးဆောင်ရွက်နေပြီး အဲဒီအဖွဲ့ရဲ့တွေ့ရှိချက်တွေကို လာမယ့် မေလ ၃၁ ရက်နေ့မှာ ပြည်နယ်လွှတ်တော်သို့ တင်ပြသွားမယ်လို့သိရပါတယ်။

သတင်း - စိမ်းကိုကို

dtv news - စစ်တွေမြို့နယ်အတွင်း ရေရှားပါနေတဲ့ ကျေးရွာတချို့ကို မီးသတ်ဦးစီးဌာနနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး သောက်သုံးရေလှူဒါန်းမှုတွေကို ပြုလုပ်နေပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်မှ စတင်ဖွဲ့စည်းပေးခဲ့တဲ့ မြောက်ဦးဖြစ်စဉ် စုံစမ်းလေ့လာရေးအဖွဲ့အနေနဲ့ စုံစမ်းလေ့လာတွေ့ရှိချက်တွေကို မကြာမီကျင်းပတော့မယ့် ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်ပြသွားဖို့ ရှိတယ်လို့ စုံစမ်းလေ့လာရေးအဖွဲ့မှ တာဝန်ရှိသူတွေဆီက သိရပါတယ်။

သတင်း - စိမ်းကိုကို

dtv news - မြန်မာနိုင်ငံအနောက်ပိုင်းဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပါဝင်ကူညီဖြေရှင်းပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကို စာရေးကာ ကတိပေးလိုက်တယ်လို့ သိရပါတယ်။

သတင်း - နေရောင်မင်း (စစ်တွေ)

dtv news - ကျောက်ဖြူခရိုင်အတွင်း အကောင်အထည်ဖော်ဆာင်ရွက်မယ့် SEZ စီမံကိန်းမှာ အများပြည်သူအကျိုးကို ဖြစ်ထွန်းလာစေဖို့အတွက် ခရိုင်အတွင်းက ဒေသခံတိုင်းရင်းသားတွေပါဝင်တဲ့ အဖွံ့ဖြိုးရေးအသင်းတစ်ခုကို မေလ ၃ ရက်နေ့က စတင်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

dtv news - ဈေးကွက်မရှိတဲ့အတွက် မြေပဲတွေအရောင်းမထွက်ဘဲ အခက်ကြုံနေရတယ်လို့ မာန်အောင်မြို့နယ်အတွင်းက မြေပဲစိုက်တောင်သူတွေက ပြောဆိုကြပါတယ်။

သတင်း - အောင်ကောင်းဇော်