dtv news - ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင်(၁၅)နိုင်ငံမှ ကိုယ်စားလှယ်တွေ ဟာ မနေ့က မေလ ၁ ရက်နေ့ မောင်တောမြို့နယ်ကိုရောက်ရှိခဲ့ပြီးတောင်တော ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ ရခိုင်၊ မြိုနှင့် ဟိန္ဒူဘာသာတွေနဲ့ တွေ့ဆုံခဲပါတယ်။

သတင်း - ဝံသ(မောင်တော)

dtv news - ကုသိုလ်ကံကောင်းရင်တော့ မေလအတွင်း ထူးခြားလာလိမ့်မယ်လို့ ပုဒ်မ ၃ ခုနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဒီကနေ့ ၁၀ ကြိမ်မြောက်ရုံးထုတ်မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - မာန်အောင်မြို့နယ် စမုံတဲအုပ်စု လေယဉ်ကွင်းတိုးချဲ့ရာမှာ ပါဝင်သွားတဲ့ လယ်ယာမြေပေါ်တွင် အစိုးရကပေးအပ်တဲ့ လျော်ကြေးငွေကို မယူပဲ မြေပေါ်မှာ အိမ်ဆောက်လုပ်လာတဲ့အတွက် ခွင့်ပြုချက်မရှိဘဲ နေအိမ်ဆောက်လုပ်မှုအပေါ် လယ်ယာမြေဥပဒေဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်ချမှတ် ခံထားရသူနှစ်ဦးနှင့် ပတ်သက်ပြီး လျော်ကြေးငွေကို ပြန်ယူရင် ပြစ်ဒဏ်ကနေ လွှတ်ပေးမယ်လို့ အာဏာပိုင်တွေက လာရောက်ပြောဆိုနေကြတယ်လို့ သိရပါတယ်။

သတင်း - အောင်ကောင်းဇော်

dtv news - ရခိုင်ပြည်နယ်ကို ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့ မနက်ပိုင်းက ရောက်ရှိလာတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဟာ မောင်တောဒေသကအပြန် စစ်တွေလေဆိပ်ခန်းမဆောင်မှာ စစ်တွေအခြေစိုက် အရပ်ဖက်လူမှုအဖွဲ့အစည်း တချို့နဲ့ တွေဆုံခဲ့ပါတယ်။

သတင်း - စိမ်းကိုကို

dtv news - ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅) နိုင်ငံက ကိုယ်စားလှယ်တွေဟာ ၂၀၁၈ ခုနှစ်၊ မေလ ၁ ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ သွားရောက်ပြီး အကြမ်းဖက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လေ့လာခဲ့ပါတယ်။

သတင်း - နေဝင်းစံ

dtv news - ၂၀၁၈ ခုနှစ်ရဲ့ နွေရာသီမှာ ရခိုင်ပြည်နယ်အတွင်းက ရေရှားပါးပြတ်လတ်မှုရှိတဲ့ ကျေးရွာတွေရဲ့ စာရင်းကို ကောက်ယူပြီး ရေတွင်းရေကန်တွေကို ဦးစားပေးတူးဖော် ပေးသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ကျေးလက်ဦးစီးဌာနက သိရပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - ရခိုင်တေးရေးဆရာတစ်ဦးဖြစ်တဲ့ ဂီတစာဆို ဦးဦးမောင်သန်းဟာ ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၄၀ အချိန်က စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ သူရဲ့ နေအိမ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

သတင်း - စိမ်းကိုကို