dtv news - မောင်တောမြို့နယ်က တောင်သူလယ်သမားတွေအတွက် ဒီခုနှစ်မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ငွေကျပ်သိန်းပေါင်း ၄၀၀၀ ကျော်ကို ချေးငွေထုတ်ပေးနေတယ်လို့ မောင်တောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။

သတင်း - ဝံသ (မောင်တော)

dtv news - အမ်းမြို့နယ်၊ ရူးကျေးရွာရှိ ရူးချောင်း ရေတားတာပေါင်ပြုလုပ်ဖို့ ငွေကျပ် သန်း ၁၅၀ ကျော်အကုန်အကျခံကာ ငွေသဇင်ဖြိုးကုမ္ပဏီနဲ့ အစိုးရတို့ သုံးနှစ်အာမခံချက်နဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍနှစ်က သဘောတူ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

သတင်း- နေရောင်မင်း (စစ်တွေ)

dtv news - ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေကို ကျောင်းအဆင့်တိုးမြှင့် ပေးတာတွေ လုပ်ဆောင်နေပေမယ့် အဲဒီကျောင်းတွေမှာ စာသင်ကြားပေးနိုင်မယ့် ဆရာ၊ ဆရာမတွေကိုတော့ လုံလောက်စွာခန့်ထားမပေးနိုင်သေး ဘူးလို့ ပြည်နယ်ပညာရေးမှူးရုံးက သိရပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

dtv news - နိုင်ငံသားတွေဖြစ်ပေမဲ့ ဥပဒေရေးရာမှာ မျှတစွာ မခံစားခဲ့ရတဲ့သူတွေ အကျဉ်းထောင်ထဲမှာ များစွာရှိနေတဲ့အတွက် သူတို့တွေလွတ်မြောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့် များများပေးဖို့ ဒေါက်တာအေးမောင်က တောင်းဆိုလိုက်ပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် အရေးပေါ် ယာယီပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းပေါင်း ၃၀၀ ကျော်ကို ဇွန်လ ၁၈ ရက်နေ့မှာ အပြီးပြန်လည်ဖွင့်လှစ် ခဲ့ပြီဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက သိရပါတယ်။

သတင်း - စိမ်းကိုကို

dtv news - ARSA တွေရဲ့ အကြမ်းဖက်သတ်ဖြတ်ခဲ့တာတွေကို ဇွန်လ ၁၈ ရက်နေ့ မောင်တောခရီးစဉ်လာရောက်တဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်းရှယန်နာ ဘာဂီနာကို အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတဲ့ ဟိန္ဒူ၊ မြို့နဲ့ ဘင်္ဂါလီတွေက အကြမ်းဖက်ခံခဲ့ရတဲ့အကြေင်း တင်ပြခဲ့ကြတာဖြစ်ပါတယ်။

သတင်း - ဝံသ (မောင်တော)

dtv news - ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာမှာ ၂၀၁၆ ခုနှစ် မတ်လ ၂၇ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ ၁၆ ကုတင်ဆံ့ စေတီတောင်တိုက်နယ်ဆေးရုံဟာ ဖွင့်လှစ်ပြီး နှစ်နှစ်ခန့်အကြာမှာ ပြိုကျပျက်စီးမှုတွေ ရှိနေတာကြောင့် ဆေးရုံတာဝန်ရှိသူတွေအပါအဝင် ဒေသခံတွေက မကျေမနပ်ဖြစ်နေကြတယ်လို့ သိရပါတယ်။

သတင်း / ရိုက်ကူး - ညိုထွန်း