dtv news - မြန်မာတစ်နိုင်ငံလုံး ဥပဒေရေးရာမှာ နိုင်ငံသားတွေ တပြေးညီခံစားခံစားနိုင်ဖို့ ပြည်ထောင်စုရှေ့နေချုပ် အနေဖြင့် စာထုတ်ပြန်သင့်တယ်လို့ ပုဒ်မသုံးခုနဲ့ တရားရင်ဆိုင်နေရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ ရုံးထုတ်မှာပြောဆိုလိုက်ပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - သံတွဲမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ရပ်ကွက်တချို့ရေနစ်မြုပ်နေပြီး အိမ်ထောင်စု ၂၃ စုကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရတယ်လို့ သံတွဲမြို့နယ် မီးသတ်ဦးဌာနက သိရပါတယ်။

သတင်း - မျိုးမြင့်ဇော်

dtv news - ရခိုင်ပြည်နယ်မှာ မိုးရွာသွန်းမှု ပြင်းထန်တဲ့အတွက် ရေတိုက်စားမှုကြောင့် သံတွဲ-တောင်ကုတ်-ကျောက်ဖြူ- ရမ်းဗြဲ-မအီ-အမ်း ကားလမ်းပိုင်း ပျက်စီးသွားပြီး ယာဉ်သွားလာခွင့်ကို ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် စစ်တွေ-အမ်း-ရန်ကုန် ကားလမ်းကတော့ ပုံမှန်ပြေးဆွဲနေရတယ်လို့ စစ်တွေအဝေးပြေးကားဂိတ်က သိရပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - ရခိုင်ပြည်နယ်အတွင်းမှာ ယခုအပတ်အတွင်း အဆက်မပြတ် မိုးရွာသွန်းနေမှုကြောင့် မောင်တောမြို့နယ်က ဟိန္ဒူ ဘာသာဝင်တွေကို နေရာချပေးထားတဲ့ မြို့မကညင်တန်းဒုက္ခသည်စခန်းမှာ နေထိုင်ရေးတွေ အခက်အခဲ ဖြစ်လာတယ်လို့ စခန်းတွင်းနေထိုင်သူတွေက ပြောပါတယ်။

သတင်း - ၀ံသ (မောင်တော)

dtv news - တောင်ကုတ်မြို့နယ် မြို့တောင်ကျေးရွာမှာ ဇွန်လ ၁၁ ရက်နေ့ အာရုံတက်အချိန်က လေဆင် နှာမောင်းတိုက်ခတ်မှုကြောင့် အဆောက်အဦ ၇ လုံးနဲ့ လူနေအိမ် ၃၄ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

dtv news - ဘင်္ဂါလီ ၁၀၀ ကျော်ဟာ စက်လှေပျက်ပြီးတော့ အဲဒီနေရာကိုရောက်ရှိလာတာလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကစိစစ်ချက်အရသိရပြီး လက်ရှိမှာတော့ မောင်တောဘက်ကိုပို့လိုက်ပြီလို့ ရသေ့တောင် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သတင်း - နေ၀င်းစံ

dtv news - သံတွဲမြို့နယ်မှာ ဇွန် ၇ နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် အံတော်ချောင်းရေမှာ မြင့်တက်လာပြီး စိုးရိမ်ရေအမှတ်သို့ ရောက်နေကာ မိုးဆက်လက်ရွာသွန်းပါက ကျေးရွာတချို့ ရေလွှမ်းမိုးခံရနိုင်တယ်လို့ သိရပါတယ်။

သတင်း - မျိုးမြင့်ဇော်