dtv news - ဘင်္ဂါလီ ၁၀၀ ကျော်ဟာ စက်လှေပျက်ပြီးတော့ အဲဒီနေရာကိုရောက်ရှိလာတာလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကစိစစ်ချက်အရသိရပြီး လက်ရှိမှာတော့ မောင်တောဘက်ကိုပို့လိုက်ပြီလို့ ရသေ့တောင် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သတင်း - နေ၀င်းစံ

dtv news - သံတွဲမြို့နယ်မှာ ဇွန် ၇ နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် အံတော်ချောင်းရေမှာ မြင့်တက်လာပြီး စိုးရိမ်ရေအမှတ်သို့ ရောက်နေကာ မိုးဆက်လက်ရွာသွန်းပါက ကျေးရွာတချို့ ရေလွှမ်းမိုးခံရနိုင်တယ်လို့ သိရပါတယ်။

သတင်း - မျိုးမြင့်ဇော်

dtv nwes - ဇွန်လ ၁၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမ်းမြို့နယ် ပဒေးကြောကျေးရွာအနီး အမ်း-မအီကားလမ်းပိုင်မှာ မြေသားတာဘောင် ပေ ၁၀၀ နီးပါးကျိုးပျက်သွားတဲ့အတွက် ခရီးသည်နှင့် ကုန်တင်ယာဉ်တွေ သွားလာလို့မရဖြစ်နေပါတယ်။

သတင်း - စိမ်းကိုကို

dtv news - ဇွန်လ ၉ ရက်နေ့ ညဥ့်အချိန် တစ်ဦးတည်းအိပ်ပျော်နေတဲ့ ဒေါ်သိန်းရင် အသက်(၆၇) နှစ်ရဲ့ နေအိမ်ပေါ်သို့ အမည်မသိ လူနှစ်ဦးတက်လာပြီး ဒေါ်သိန်းရင်ရဲ့ မျက်လုံးကို လက်ဖြင့်ပိတ်ကာ ပါးစပ်ထဲကို အဝတ်တွေထည့်ပြီး လက်တွေကို ကြိုးနဲ့ချည်းနှောင်ကာ နားကပ်တစ်ရံနဲ့ ငွေတစ်သိန်းကို ဓားထောက် လုယူသွားကြတာဖြစ်တယ်လို့ ဒေါ်သိန်းရင်က ပြောပါတယ်။

သတင်း - မျိုးမြင့်ဇော်

dtv news - ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာဖိအားတွေကို အစိုးရကလိုက်လုပ်နေရချိန်မှာ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးစေမလားလို့ စိုးရိမ်ချက်တွေ ရှိနေပါတယ်။

သတင်း - ရွှေထက်

dtv news - ရမ်းဗြဲမြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ပညာရေးကိစ္စဝေဖန်တဲ့အတွက် အမှုဖွင့်တာဟာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောဆိုလိုက်ပါတယ်။

သတင်း - စိမ်းကိုကို

ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာနှင့် ကြံခင်းကျေးရွာအနီးမှာ မိုးရွာသွန်းမှုကြောင့် ခရီးသည်တင် ကားတွေနဲ့၊ ကုန်တင်ကားတွေဟာ မေလ ၃၁ ရက်နေ့ မနက် ၇ နာရီ အချိန်ခန့်ကစတင်ပြီး ပိတ်ဆို့နေခဲ့တယ်လို့ သိရပါတယ်။