ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မိဇံရပ်ကွက်မြစ်ကမ်းဘေးမှာ မြေသားတွေဖို့ပြီး မြို့သစ်စီမံကိန်းမြေနေရာအဖြစ် ကိုးရီးယားကုမ္မဏီတစ်ခုဖြစ်တဲ့ BXT ကုမ္မဏီက အကောင်အထည်ဖေါ်နေတဲ့ မြေနေရာတွေကို ဇန်နဝါရီလ ၆ ရက်နေ့ကနေ စတင်ရောင်းချပေးတော့မှာဖြစ်ပါတယ်။
အဆိုပါမြေနေရာဟာ စစ်တွေမြို့အရှေ့ဖက် ကုလားတန်မြစ်ကမ်းဘေးမှာရှိတဲ့ ဒီရေရောက် မြေဧက ၉၀ ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကိုးရီးယား BXT ကုမ္မဏီတို့က Waterfront Project စီမံကိန်းအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ စီမံကိန်းမိတ်ဆက်စာနယ်ဇင်းရှင်းပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းရှိ Centra Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
စီမံကိန်းထဲမှာ စုပေါင်းအိမ်ရာ၊ လက်လီလက္ကားဈေးကွက်၊ အယ်အလတ်ရှိသော ကွန်ဒိုမီဒီယမ်တွ၊ ဂိုဒေါင်နဲ့ ပို့ဆောင်ရေးဆိုင်ရာဝန်ဆောင်မှုတွေ၊ ကုန်သွယ်မှုစီးပွားရေးဇုန်၊ ငါးစက်ရုံများနဲ့ အပန်းဖြေမြေနေရာတွေ ပါဝင်မယ်လို့ သိရပါတယ်။
သတင်း - ကောင်းကောင်း




