- Details
- စိမ်းကိုကို
- Hits: 70
- စစ်တွေ
dtv news - ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းမြစ်ရိုးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတွေ နိမ့်ကျနေတဲ့အတွက် ဒေသခံတွေအနေနဲ့ အခက်အခဲ များစွာ ဖြစ်ပေါ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယိုးချောင်းမြစ်ရိုးတစ်လျှောက်မှာ ရှိတဲ့ကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ဖို့ ကျေးလက် ဆေးပေးခန်း တွေမရှိသလို ကန်ဇောက်ကျေးရွာ၊ ယိုးတရုတ်ကျေးရွာနှင့် အပေါက်ဝကျေးရွာတွေကို သွားရောက်ပြီး ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
သတင်း - စိမ်းကိုကို
- Details
- ရွှေထက်
- Hits: 54
- စစ်တွေ
dtv news - ဘင်္ဂလားဒေ့ရှ်ဘက်မှာရောက်နေတဲ့ နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံရာမှာ ဘာသာလူမျိုးခွဲခြားမှုမရှိဘဲ၊ မြန်မာနိုင်ငံမှာ နေထိုင်ဖူးသူတွေကိုသာ လက်ခံသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဧပြီလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဘဇားသို့သွားရောက်ခဲ့တဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
သတင်း - ရွှေထက်
- Details
- နေရောင်မင်း(စစ်တွေ)
- Hits: 79
- စစ်တွေ
dtv news - ၂၀၁၇-၁၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ အစိုးရရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို လျော့ချလိုက် တာကြောင့် တင်ဒါလုပ်ငန်းတွေကျဆင်းသွားတဲ့အတွက် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရရှိမှုမှာ ၂၀၁၆-၁၇ ခုနှစ်ထက် ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရပါတယ်။ ရခိုင်ပြည်နယ်က ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရရှိမှုဟာ ၂၀၁၃-၁၄ ခုနှစ်မှာ ကျပ်သန်းပေါင်း ၇၅၀ ကျော်၊ ၂၀၁၄-၁၅ ခုနှစ်မှာ ကျပ်သန်းပေါင်း ၉၈၀ ကျော်၊ ၂၀၁၅-၁၆ ခုနှစ်မှာ ကျပ်သန်းပေါင်း ၆၂၀၀ ကျော်၊ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ကျပ်သန်းပေါင်း ၁၁၉၅၀ ကျော်ရရှိခဲ့ပြီး ၂၀၁၇-၁၈ ခုနှစ်မှာ ကျပ်သန်းပေါင်း ၉၂၃၀ ကျော်သာ ရရှိခဲ့တဲ့အတွက် ၂၀၁၆-၁၇ နဲ့စာရင် ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာလည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရရှိမှု ကျသွားရခြင်းအပေါ် ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ ပြန်ကြားရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က အခုလိုပြောပါတယ်။
သတင်း - နေရောင်မင်း (စစ်တွေ)
- Details
- ခိုင်ရိုးလ
- Hits: 46
- စစ်တွေ
dtv news - ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့ရှိ အာဂျိတ်တော်ကုန်းသုဿန်မှာ မေလဆန်းကနေစတင်ပြီး မီးသဂြိုဟ်စက်ကိုအသုံးပြုကာ သေဆုံးသူတွေကိုသဂြိုလ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါသုဿန်မှာ မီးသဂြိုလ်စက်နှစ်လုံးကိုအလှူရှင်တစ်ဦးရဲ့မတည်ငွေသိန်း ၄၀၀ နဲ့တည်ဆောက်နေတာ ဖြစ်ပြီးတော့ လက်ရှိမှာ ၉၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်တယ်လို့ စစ်တွေမြို့နာရေးကူညီမှု အသင်းရဲ့အတွင်းရေးမှူးဦးထွန်းလှိုင်က ပြောပါတယ်။
သတင်း - ခိုင်ရိုးလ
ဘင်္ဂလားဒေရှ့်နိုင်ငံက မောင်တောမြို့ကို ခိုလှုံလာကြတဲ့ ရခိုင်တိုင်းရင်းသားတွေကို ယာယီနေအိမ်တွေ ဆောက်ပေး
- Details
- DMG
- Hits: 50
- စစ်တွေ
Page 54 of 54
DTV Daily News

နောက်ဆုံးရသတင်းများ
တပ်မတော်မှ အာဏာသိမ်းမှုအား ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားများ မဟာမိတ်အင်အားစုမှ ထုတ်ပြန်
- Details
- DMG
- Hits: 110
ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုရှိလာကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များပြော
- Details
- DMG
- Hits: 48
ကမ္ဘာ့နိုင်ငံအများအပြား မြန်မာနှင့် သံတမန်ဆက်ဆံရေး လျှော့ချပြီး အရေးယူပိတ်ဆို့မှုများ မြှင့်တင်
- Details
- Foreign Desk
- Hits: 148

လူဖတ်များသောသတင်းများ
- ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ အင်းစိန်ထောင်မှ လွတ်မြောက်လာပြီ
- ရခိုင်အကျပ်အတည်း ကိစ္စရပ်များကို တပ်မတော်အစိုးရနှင့် ဆပ်စပ်ဆောင်ရွက်သွားမည်ဟု ANP ပါတီက ရခိုင်ပြည်သူများသို့ အစီရင်ခံ
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ANP မှ ပါဝင်နေခြင်းအပေါ် ပြန်လည်သုံးသပ်ပြီး လက်မခံရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၄၇ ဖွဲ့က တိုက်တွန်း
- ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုနေကြ






