သံတွဲခရိုင်မှာ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်လာပေမယ့် အင်္ဂလိပ်စာဘာသာဂုဏ်ထူးရသူ နည်းပါး ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ရခိုင်ပြည်နယ်သံတွဲခရိုင်အတွင်းက ယခင်နှစ်တွေကထက် အောင်ချက် မြင့်မားလာပေမယ့် အင်္ဂလိပ်စာဘာသာရပ်ဟာ ဂုဏ်ထူးထွက်သူ နည်းပါးခဲ့တယ်လို့ သံတွဲခရိုင် ပညာရေးမှူး ရုံးကသိရပါတယ်။ အခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို သံတွဲခရိုင်အတွင်းကဖြေဆိုသူ ၆၂၃၁ ဦးရှိခဲ့ပြီး အောင်မြင်သူ ၁၆၇၁ ဦး ရှိတဲ့အထဲမှာ အင်္ဂလိပ်စာဘာသာ ဂုဏ်ထူးထွက်သူ ၄ ဦးအထိသာရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို အင်္ဂလိပ်စာဘာသာရပ်မှာ အလွန်နည်းပါးနေတဲ့အတွက် လာမယ့်နှစ်တွေမှာ အင်္ဂလိပ်စာဘာသာရပ်ကို အသေအချာသင်ကြားပေးသွားမှာဖြစ်တယ်လို့ သံတွဲခရိုင်ပညာရေမှူး ဦးမြင့်တင်ကအခုလိုပြောပါတယ်။

သတင်း - မျိုးမြင့်ဇော်

Author: မျိုးမြင့်ဇော်