ဖမ်းဆီးခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို သြဂုတ်လ ၅ ရက်နေ့က စစ်တွေမြို့မှာပြုလုပ်ခဲ့ကြပါတယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ အမြန်ဆုံးလွတ်မြောက်စေရေး ဆုတောင်းပွဲကို တက်ရောက်လာတဲ့ လူပေါင်း ၁၀၀ ကျော်ဟာ အတုလမာရဇိန်ဘုရားကြီးမှာ ပန်း၊ဆီးမီးတွေထွန်းညှိ ပူဇော်ခဲ့ကြသလို ဆရာတော်များထံကလဲ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆုတောင်းပွဲကိုတော့ တက်ကြွလှုပ်ရှားသူတွေကဦးဆောင်ပြီး တာဝန်သိရက္ခိတများဆိုတဲ့ အမည်နဲ့ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ ဆုတောင်းပွဲရည်ရွယ်ချက်ကတော့ ရခိုင်ပြည်သူ တစ်ရပ်လုံးရဲ့ခံစားချက်ကို အာဏာပိုင်အစိုးရသိစေချင်တဲ့အတွက်ဖြစ်တယ်လို့ ဆုတောင်းပွဲမှာ ဦးဆောင်ပါဝင်သူ ဒေါ်ကျော့စိန်ကပြောပါတယ်။

သတင်း - နေဝင်းစံ

Author: နေဝင်းစံ