-
Details
-
DMG
-
-
Hits: 50
-
စစ်တွေ
dtv news - ဘင်္ဂလားဒေရှ့်နိုင်ငံက မောင်တောမြို့ကို ခိုလှုံလာကြတဲ့ ရခိုင်တိုင်းရင်းသား မိသားစုဝင်တွေကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့က သွားရောက် တွေ့ဆုံခဲ့ပြီး ယာယီနေရာချထားမှုအခြေအနေတွေကို ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက်နိုင်ငံကနေ ခိုလှုံဝင်ရောက်လာကြတဲ့ မြိုနဲ့ ဒိုင်းနက်(ခေါ်)ဆက္ကမလူမျိုးတွေဟာ အိမ်ထောင်စု ၃၅ စုအထိရှိပြီးတော့ မောင်တောမြို့နယ် သစ်တုံးနားကျေးရွာမှာ ယာယီနေထိုင်နိုင်ဖို့ နေအိမ်တွေ ဆောက်လုပ်ပေးထားတယ်လို့ သိရပါတယ်။
သတင်း - ဝံသ (မောင်တော)