ရခိုင်တိုင်းရင်းသား ပန်းချီဆရာတစ်ဦးဖြစ်တဲ့ မောင်မောင်စော(ရခိုင်ညွှ့န်ဖူး)ရေးဆွဲတဲ့ ပန်းချီကား ၈၀ ကျော်ပါဝင်တဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲကို လာမယ့် သြဂုတ်လ ၈ ရက်နေ့ကစတင်ပြီး အမှတ်(၁) ပန်းချီပြခန်း၊ အမှတ် ၁၇ တက္ကသိုလ်ရိပ်သာလမ်း ဗဟန်းမြို့နယ်မှာကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါ ပန်းချီပြပွဲကို “တွန်းတိုက်ကြသူများသို့” လို့အမည်ပေးထားပြီး မြန်မာနိုင်ငံရဲ့ နိုင်ရေးအရွေ့အတွက် တွန်းတွန်းတိုက်တိုက် ကိုယ်ကျိုးစွန့်ခဲ့တဲ့ကြတဲ့ နိုင်ငံရေးသမားတွေ၊ ကျောင်းသားခေါင်းဆောင်တွေနှင့် ရှစ်လေးလုံးမှာ ပါဝင်ခဲ့ကြတဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီပန်းချီပြပွဲကို စီစဉ်တာဖြစ်တယ်လို့ ပန်းချီဆရာမောင်မောင်စော(ရခိုင်ညွှန့်ဖူး)ကပြောပါတယ်။

သတင်း - စိမ်းကိုကို