ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်းဦးတင်မောင်ဆွေကို ဝေဖန်ပြောဆိုမှုနဲ့ ဖမ်းဆီးတရားစွဲဆို ခံထား ရတဲ့ ဦးအောင်သန်းဝေရဲ့အမှု အာမခံလျှောက်ထားချက်ကို ဇူလိုင်လ ၂၅ ရက်နေ့ရုံးချိန်းမှာ စစ်တွေမြို့နယ် တရားရုံးက ပယ်ချလိုက်ပါတယ်။ ဦးအောင်သန်းဝေကို နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေပုဒ်မ ၁၀ နဲ့ ဖမ်းဆီးတရားစွဲဆိုထားတာဖြစ်ပြီး သူ့ရဲ့အမှုမှာ အာမခံမပေးနိုင်တဲ့ အမှုဖြစ်သလို လုံခြုံရေးနဲ့ပတ်သက်တဲ့အမှုဖြစ်တဲ့အတွက် အာမခံလျှောက်ထားမှုကို တရားရုံးကပယ်ချလိုက်တာလို့ သိရပါတယ်။

သတင်း - ခိုင်ရိုးလ