ကျောက်တော်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ကျေးရွာသုံးရွာရှိ အခြေခံပညာကျောင်းတွေ ခေတ္တပိတ်ပင်ထားရတယ်လို့ သိရပါတယ်။ ဒီအပတ်အတွင်း ရခိုင်ပြည်နယ် မြို့နယ်အများစုမှာ မိုးများနေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေပြီး ကျောက်တော်မြို့နယ်မှာ လမ်းတွေရေလျှံနေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းသွားတက်ဖို့ အခက်အခဲရှိနေတဲ့အတွက် ကန်စောင့်ကျေးရွာအုပ်စုဖြစ်တဲ့ ညီချေရွာ၊ လမူလနက်ရွာနဲ့ ကန်သုံးဆင့်ကျေးရွာက စာသင်ကျောင်းတွေကို ယာယီပိတ်ထားရတယ်လို့ ကန်သုံးဆင့်ကျေးရွာအုပ်ချုပ်ရေး မှူး ဦးချစ်ထွန်းက ပြောပါတယ်။

သတင်း - ဇောင်း (ပုဏ္ဏားကျွန်း)

Author: ဇောင်း(ပုဏ္ဏားကျွန်း)