ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာမှာရှိတဲ့ဒုက္ခသည်စခန်းကို အပြီးတိုင်ပိတ်သိမ်းလိုက်ပြီးစခန်းတွင်းနေထိုင်သူတွေကိုနိဒင်ကျေးရွာရဲ့အနောက်ဘက်လယ်ကွင်းမှာပြန်လည်နေရာချပေးထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်ကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကြောင့် ကျောက်တော်မြို့ပေါ်ကနေ လူဦးရေ ၅၀၀ ကျော်ဟာ နိဒင်ကျေးရွာရဲ့ ဒုက္ခသည်စခန်းကိုရောက်ရှိသွားခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဒုက္ခသည်စခန်းမှာနေထိုင်သူတွေရဲ့သဘောတူညီချက်ကိုရယူကာ စခန်းကိုပိတ်သိမ်းခဲ့ပြီး အခုအခါ အိမ်ထောင်စု ၈၀ ကျော်၊ လူဦးရေ ၅၀၀ ကျော်ကို အိမ်ထောင်စု ၁ စုချင်းအလိုက်နေအိမ်တွေဆောက်လုပ်ပေးပြီး ပြန်လည်နေရာချပေးထားတယ်လို့သိရပါတယ်။

သတင်း- နေဝင်းစံ

Author: နေဝင်းစံ