NLD အစိုးရတက်လာပြီးနောက်ပိုင်းမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ များလာမယ်လို့ ရခိုင်ဒေသခံတွေက မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမယ့် စက်ရုံအလုပ်ရုံတွေ နည်းပါးတဲ့နေတာကြောင့် ဆယ်ကျော်သက်အရွယ် လူငယ်တွေ၊ အမျိုးသမီးတွေဟာ အရင်က အမျိုးသားတွေအများစု လုပ်ကိုင်ကြတဲ့ ကျောက်ထမ်း၊ သဲထမ်း ပန်းရံလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြရပါတယ်။ ဒါဟာ ရခိုင်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် စိန်ခေါ်မှုတစ်ခုပါ။

ဒီအကြောင်းကိုတော့ DMG သတင်းထောက် သက်နိုင်က ရိုက်ကူးတင်ဆက်ထားပါတယ်။

Author: Admin