မြောက်ဦးမြို့နယ်၊ အုက္ကန်ကျေးရွာက မောင်ဖြိုးဟိန်းကျော်တစ်ယောက် (၈) တန်းစာမေးပွဲဖြေပြီးလို့ သူငယ်ချင်းတွေနဲ့အတူ အိမ်ကို ပျော်ပျော်ရွှင်ရွှင်ပြန်လာခဲ့ပါတယ်။ အိမ်ကိုရောက်တဲ့အခါ “သားကို ကျောင်းဆက်မထားနိုင်တော့ဘူး” လို့ သူ့အမေပြောလိုက်တဲ့စကားကို ကြားလိုက်ရတဲ့အခါ အရမ်းကို ထိခိုက်ခံစားခဲ့ရပါတယ်။

သားတွေကို ပညာတတ်ကြီးဖြစ်စေချင်ပေမဲ့ လင်ရဲ့စွန့်ပစ်ခြင်းကိုခံရပြီး ကြုံရာကျပန်းအလုပ်ကို လုပ်ကိုင်နေရတဲ့ မိခင်ဒေါ်ခိုင်ခိုင်ဦးအဖို့ သူ့သားကို လယ်ကွင်းထဲပို့ရုံမှတပါး တခြားရွေးစရာလမ်း မရှိခဲ့ပါဘူး။

ဒီရုပ်သံမှတ်တမ်းကို DMG သတင်းထောက် ချမ်းအေးက ရိုက်ကူးပေးပို့ထားတာဖြစ်ပါတယ်။

Author: Admin