စစ်ဘေးရှောင်ဒုက္ခသည်အဖြစ်နဲ့ နေထိုင်နေကြတာဟာအခုဆိုရင် တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
စစ်ဘေးရှောင်ရခိုင်တိုင်းရင်းသားဒုက္ခသည်တွေဟာ အရင်ကတည်းကနေ တောတောင်တွေမှာ တောင်ယာလုပ်ငန်းနဲ့ သစ်၊ ဝါးခုတ်တဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့သူတွေပါ။ ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလအတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ စစ်ပွဲတွေဖြစ်ကြတော့ သူတို့တွေဟာကြောက်လန့်ပြီးတော့ ဘိုးဘွားအစဉ်အဆက်လုပ်စားလာခဲ့တဲ့ တောင်ယာလုပ်ငန်းတွေကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာပါ။
ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလအတွင်းတိုက်ပွဲတွေကြောင့် မိမိနေရပ်ကိုစွန့်ခွာပြီး ပြေးလာခဲ့ရတဲ့အခြေအနေတွေကို စစ်ဘေးရှောင် ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဒေါ်စောနုယဉ်က အခုလိုပြောပါတယ်။




