မြန်မာနိုင်ငံလုံးဆိုင်ရာဌာနေတိုင်းရင်းသားများ မဟာမိတ်အင်အားစုအနေဖြင့် တပ်မတော်မှ အာဏာသိမ်းမှုအား ကန့်ကွက်ကြောင်းနှင့် အာဏာရှင်စနစ်မလိုလားကြောင်း ဆန္ဒပြခြင်းကိုထောက်ခံကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ တပ်မတော်ကအာဏာသိမ်းယူမှုဖြစ်ပေါ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်သို့ ပြည်ပမှတင်သွင်းနေသည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ စီးဆင်းမှု နှောင်းနှေးလျက် ရှိကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များကပြောသည်။

နှစ်ရှည်အကျဉ်းကျခံနေရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးလုံး ယနေ့ (ဖေဖေါ်ဝါရီလ ၁၂ ရက်)နေ့တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာကြပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်မှအာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် ဘဏ်အချို့ကို ယာယီပိတ်ထားကြပြီး ရခိုင်ပြည်နယ်တွင်လည်း ယင်းသို့ဘဏ်များပိတ်ထားသည့်အတွက် ဒေသခံများအနေဖြင့် ငွေလွှဲငွေထုတ်ရန် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် တပ်မတော်မှအာဏာမှုကို မလိုလားကြောင်း ယနေ့(ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့)ဆန္ဒပြဖော်ထုတ်ရာတွင် ပြည်သူများနှင့်အတူ အစိုးရဌာနများမှ ဝန်ထမ်းများလည်း ပါဝင်လာသည်ကို တွေ့ရှိရသည်။