
အောင်ကောင်းဇော်၊ DMG
အောက်တိုဘာ ၁၁၊ ရမ်းဗြဲ
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ဒေသရှိ ဘင်္ဂါလီလူမျိုးများအား ကမန်လူမျိုးအဖြစ် နိုင်ငံသား စီစစ်ရေးကဒ်ပြား ထုတ်ပေးထားခြင်းနှင့်ပတ်သက်ပြီး အစိုးရ လုပ်ဆောင်ချက်အပေါ် စောင့်ကြည့်နှိင်ရန်အတွက် ယနေ့ ဒေသခံများ အချင်းချင်းတွေ့ဆုံကာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲကို ရမ်းဗြဲမြို့နယ် ဟုံးဝအုပ်စု ထောင့်ချိန်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ် ခဲ့ပြီး ဘင်္ဂါလီ လူမျိုးများအား ကမန်တိုင်းရင်းသားအဖြစ် မှတ်ပုံတင် ထုတ်ပေးထားခြင်းအပေါ် အစိုးရ၏ ဆောင်ရွက်ချက် အပေါ် စောင့်ကြည့်နိုင်ရန် အဖွဲ့တစ်ခုဖွဲ့စည်းနိုင်ရေးအတွက် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
“ဒီနေ့အစည်းအဝေးလုပ်တာက ဒီကမန် လူမျိုးအဖြစ် မှတ်ပုံတင် ထုတ်ပေးထားခြင်းကို အစိုးရအနေနှင့် ဘယ်လိုပုံစံမျိုးတွေနဲ့ ပြုလုပ်ပေးသွားမှလဲပေါ့ ။ အဲဒီပေါ်မှာရော ကျနော်တို့ ပြည်သူတွေ ကစောင့်ကြည့်သင့်တယ်လေ။ အဲဒါကြောင့် ဒီနေ့ အစည်းအဝေးအရ ကျနော်တို့ စောင်ကြည့်ရေး အဖွဲ့ဆို ပြီးဖွဲ့တယ် အဲဒီထဲမှာ ပြန်ကြားရေး ဆိုတာတွေလည်း ထည့်ထားတယ် ပြီးတော့ အခုအစိုးရကဘယ်လို လုပ်လာမလဲ ဆိုတာကိုလည်း စောင့်ကြည့်ဖို့အတွက် ဒီနေ့ အစည်းအဝေးကိုပြုလုပ်တာ ဖြစ်တယ်” ဟု ဆွေးနွေးပွဲတက်ရောက်သူ ကိုသိန်းဝင်းက ပြောသည်။
အစည်းအဝေးကို ကျောက်နီမော်မှ ဒေသခံ ၉၀ ကျော်ခန့် တက်ရောက်ခဲ့ကြပြီး အစိုးရအနေဖြင့် ထိုကိစ္စအား ပြန်လည် စီစစ်ပေးခြင်းမရှိလျှင် ယနေ့ ဖွဲ့စည်းထားသော အဖွဲ့အစည်းမှ တရားနည်းလမ်း မှန်ကန် တိကျစွာ ဖြစ်အောင် အစိုးရကို ဥပဒေဘောင်အတွင်းက တိုက်တွန်းသွားမည်ဟုလည်း ကိုသိန်းဝင်းကပြောသည်။
“ကျနော်တို့ အခု စောင့်ကြည့်နေတယ်။ အစိုးရအနေနဲ့ လုပ်ဒါတော့ တစ်ခုမှ မရှိသေးဘူး ကျနော်တို့ ဆက်ပြီး စောင့်ကြည့်သွားမယ် မလုပ်ဘူးဆိုရင်တို့ လုပ်လာအောင် ဥပဒေအရ ဥပဒေဘောင်ထဲက ကျနော်တို့အဖွဲ့က ပြုလုပ်သွားမယ်”ဟု ပြောသည်။
ဘင်္ဂါလီလူမျိုးများအား ကမန်တိုင်းရင်းသားအဖြစ် မှတ်ပုံတင် ထုတ်ပေးထားခြင်းအပေါ် ပြန်လည် စီစစ်ပေး ဖို့အတွက် ကို ဒေသခံများမှ လိုလားနေကြပြီး ပြန်လည် စီစစ်ပေးဖို့အတွက်ကို ဒေသခံ များ၏ သဘောတူ ညီချက် လက်မှတ် ၇၅၀၀ အားကောက်ခံကာ သမ္မတရုံးထိ တင်ပြတောင်းဆိုမှု့ပြုလုပ်ထား ကြောင်းလည်းသိရသည်။




