အောင်ကောင်းဇော်၊DMG

 စက်တင်ဘာ ၂၆၊စစ်တွေ

စက်တင်ဘာလ ၂၇ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ခရီးသွားနေ့ကို ဂုဏ်ပြု ကြိုဆိုသော အားဖြင့် ငပလီ ရှိ ဟိုတယ်ဇုံများက ဦးဆောင်ပြီး စက်ဘီးစီးပြိုင်ပွဲကို ငပလီတွင် ကျင်းပပြုလုပ်ခဲ့သည်။

စက်ဘီးစီးသူများသည် သံတွဲ လေယဉ်ကွင်းမှ PVR ဟိုတယ်အထိ စီးခဲ့သည်။ ယခု စက်ဘီစီးပြိုင်ပွဲကို ငပလီတွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်သည်။ စက်ဘီးစီးပြိုင်ပွဲကို လူဦးရေ စုစုပေါင်း ၂၀၀ ကျော်ထိ ပူးပေါင်းပါဝင် ဆင်နွှဲခဲ့ကြသည်။

အဆိုပါ စက်ဘီးစီးပြိုင်ပွဲ ကို  ဟိုတယ်နှင့် ခရီးသွားလုပ်ငန်ဖွံ့ဖြိုးတိုးတက်လာစေ ရန် ရည်ရွှယ်ပြီးပြုလုပ် ရခြင်းဖြစ်သည်ဟု ဟိုတယ်ခရီးသွားလက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမောင်မောင်က ပြောသည်။

“ အဓိကတော့ ရခိုင်ဒေသ ခရီးသွားလုပ်ငန်း တိုးတက်လာစေဖို့ တစ်ချက် ၊ရခိုင်ဒေသ တည်ငြိမ်အေးချမ်းမှုရှိတယ် ဆိုတာကို ပြချင်တာတစ်ချက် သဘာဝပတ်ဝန်ကျင် ထိမ်းသိမ်းရေး အနေဖြင့် ပြချင်တာတစ်ချက် ဒါတွေကို ပြသချင်လို့ ပြုလုပ်တာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။