
သြဂုတ်လ (၂၅) ရက်၊ ၂၀၁၈ ခုနှစ်၊ DMG/ ခင်သရဖီဦး။
ကရုဏာရောင်ခြည် ပရဟိတသွေးလှူရှင်များအသင်း(စစ်တွေ)မှ နှစ်ပတ်လည်နေ့ ဂုဏ်ပြုပွဲအခမ်းအနားကို စစ်တွေမြို့ဦးဥတ္တမခန်းမတွင် သြဂုတ်လ ၂၅ရက်နေ့ နေလည် ၁၂ နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားမှာ စစ်တွေပြည်သူဆေးရုံးကြီး၌ တက်ရောက်ဆေးကုသခံရသော လူနာများအတွက် လိုအပ်သော သွေးများကို ၁၅ ကြိမ်နှင့်အထက် လှူဒါန်းပေးခဲ့သူများအား လေးစားဂုဏ်ပြုသည့်အနေဖြင့် ဆုတံဆိပ်များကို ပေးအပ်ရခြင်းဖြစ်ကြောင်း ဂရုဏာရောင်ခြည် ပရဟိတသွီးအလှူရှင်များအသင်းမှ ဥက္ကဌ ကိုလင်းလင်းက ပြောသည်။
“ ကျနော်တို့က အခုလိုဂုဏ်ပြုပွဲကို ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်တာပါ။ ကျနော်တို့အနေနဲ့ သွေးအလှူရှင်များအာလုံးကို လေးစားပါတယ်။ ကျနော်တို့ အခု၁၅ကြိမ်နှင့် အထက်သွေးလှူရှင်များကို ဂုဏ်ပြုပွဲ ကျင်းပရတာကတော့ စစ်တွေမြို့ပြည်သူဆေးရုံးကြီးမှာ သွေးလှူရှင်တွေ ပုံမှန်လာရောက်သွေးလှူဒါန်းခြင်းဖြစ်တာကြောင့် သွေးအရေအတွက်အများဆုံးဖြစ်တဲ့လူတွေကို အခုလိုပြုလုပ်ပေးတာပါ။ ”ဟုပြောသည်။
အခမ်းအနားကို သံဃာတော်များ ၊ အနယ်နယ်အရပ်ရပ်မှ သွေးအလှူရှင်များ၊ တက္ကသိုလ်ကျောင်းသားများနှင့် တခြားစိတ်ဝင်စားသောလူ စုစုပေါင်း ၁၀၀ ကျော်ခန့်တက်ရောက်ခဲ့ကြကြောင်းလည်းသိရသည်။
ဂရုဏာရောင်ခြည်ပရဟိတသွီးအလှူရှင်များအသင်းကို ၁၃ ရက် ၈ လပိုင်း ၂၀၁၇ခုနှစ် တွင်စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် တစ်နှစ်ပြည့်မြောက်ပြီးဖြစ်ကြောင်းလည်းသိရသည်။




