
ချလူးအောင် / DMG
ဧပြီ ၂၄ ၊ မောင်တော
မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာအနီး ဧပြီလ ၂၁ ရက်နေ့က မိုင်းနှစ်လုံးပေါက်ကွဲမှုဖြစ် ပွားခဲ့ရာ ၎င်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မောရဝတီ ကျေးရွာသားနှစ်ဦးတို့ကို သံသယဖြင့်ဖမ်းဆီးခဲ့သည်။
ထိုသို့ဖမ်းဆီးခံထားရသည့် ကိုကျော်သိန်း ၂၆ နှစ်နှင့် ကိုနိုင်ကျော်လင်း ၁၈ နှစ်တို့နှစ်ဦး အနက် ကိုနိုင်ကျော်လင်းအားပြန်လွှတ်ေ
၎င်းနောက် ကိုကျော်သိန်းအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က) ၁ ဖြင့်အမှုဖွင့်လှစ်ကာ မောင်တောမြို့နယ်တရားရုံးမှ ဧပြီလ ၂၃ ရက်နေ့တွင် ချုပ်ရမန်ယူခဲ့ကြောင်း ကိုကျော်သိန်း၏ဖခင် ဦးထွန်းလှဦးက ပြောသည်။
“ဧပြီ ၂၃ နေ့မှာ နခခ ၄ စခန်းကခေါ်လို့ ကျနော်သွားတော့တယ်။ အဲဒီမှာ ကျနော့်သားကို မောင်တောမြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူခဲ့တယ်။ မေလ ၆ ရက်နေ့ကို ထပ်ပြီးချိန်းလိုက်ပါတယ်” ဟု ဦးထွန်းလှဦးက ပြောသည်။
ကိုကျော်သိန်းအား ဖမ်းဆီးပြီးနောက်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ နေအိမ်သို့ လာရောက်ပြီး ရှာဖွေမှုများပြုလုပ်ခဲ့ပြီး ထိုသို့ရှာဖွေရာတွင် အသိသက်သေအဖြစ် ကျေးရွာ အုပ်ချုပ်ရေးမှူးလည်း မပါဝင်ကြောင်း ကိုကျော်သိန်း၏မိခင် ဒေါ်အဒုံခိုင်က ဆိုသည်။
“စခန်းမှာ ကျွန်မသားလေးကိုတွေ့တော့ မျက်နှာတွေဖူးရောင်နေတာတွေ့တယ်၊ ဘယ်လောက်ရိုက်ပုတ်ထားကြလဲမသိဘူး
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၅ လခန့် ရှိလာနေပြီး အေအေအဖွဲ့အား မြန်မာနိုင်ငံအစိုးရမှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ထားသည်။
ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားနေသည့်ကာလအတွင်




