ချလူးအောင်၊ DMG

အောက်တိုဘာ ၁၆၊ မောင်တော

 

အောက်တိုဘာလ(၁၅)ရက်နေ နေ့လည်ပိုင်းတွင် အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂီးနာ နှင့် 
အဖွဲ့သည် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရခိုင်၊ဘင်္ဂါလီ၊ ဟိန္ဒူဘာသာဝင်များနှင့် အတူတကွ တွေ့ဆုံခဲ့သည်။

 

တွေ့ဆုံပွဲတွင် နေရပ်ပြန်လာသူများအတွက် ဂုဏ်သိုက္ခာရှိရှိပြန်လာနိုင်ရေးကိုဆွေးနွေးခဲ့ပြီး၊ ဒေသဖွံ့ဖြိုး တိုးတက်အောင် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု မောင်တောမြို့ရပ်မိရပ်ဖ ဦးမောင်အုန်းကြည်ကပြောသည်။

“သူမအနေနဲ့ကတော့ တည်ငြိမ်ပြီး အေးအေးချမ်းချမ်း ဖြစ်စေချင်တဲ့သဘောပါ တစ်ဖက်နိုင်ငံမှ ပြန်ဝင်လာ
မယ့်သူတွေ လုံခြုံမူနဲ့ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ဖို့ ဆွေးနွေးပါတယ်။ အခုဒီနေရာက ဥပဒေစိုမိုးထားတဲ့နေရာ လုံခြုံနေတဲ့နေရာဖြစ်တယ် လုံခြုံမူကရှိနေပြီးသားပါ ဂုဏ်သိက္ခာရှိဖို့ ဆိုတာကလည်း တည်ဆဲဥပဒေကို သူတို့အနေနဲ့ လိုက်နာနိုင်ရင် ဂုဏ်သိက္ခာရှိပြီးသားပါလို့ ကျွန်တော်တို့တင်ပြခဲ့တယ် သူမကတော့ ဒီဒေသ ပိုပြီးတည်ငြိမ်အေးချမ်းအောင် ဖွံဖြိုးတိုးတက်အောင် အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ပြောသွားတယ်” ဟုပြောသည်။

 

ယင်းအပြင် တက်ရောက်လာသူများမှ ဒေသတွင်း အလုပ်အကိုင်ဖန်တီးပေးနိုင်မှ ပိုမိုအေးချမ်းလာမည်ဖြစ်ပြီး ရခိုင်နှင့် လူနည်းစုတိုင်းရင်းသားများအားလုံး အေးအတူပူမျှ နေထိုင်မည်ဆိုပါက ဒေသပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု မောင်တောမြို့၊ မြို့မကညင်တန်းရပ်ကွက်မှ ရပ်မိရပ်ဖ မာမတ်အစ္စလမ်ကပြောသည်။

“အလုပ်အကိုင်တွေရလာရင် ဒီဒေသပိုမိုပြီး အေးချမ်းတည်ငြိမ်လာမယ် ရခိုင်တိုင်ရင်းသားတွေ လူနည်းစု တိုင်းရင်းသားတွေအားလုံး အေးအတူပူအမျှ နေထိုင်သွားမယ်ဆိုရင် ဒီဒေသပိုပြီးဖွံဖြိုးတိုးတက်လာမှာ ဖြစ်တယ်လို့ တင်ပြခဲ့တယ်” ဟုပြောသည်။

 

အောက်တိုဘာလ (၁၅) ရက်နေ့ မနက်ပိုင်းတွင် အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂီးနာ နှင့် အဖွဲ့သည် ဘူးသီးတောင်မြို့ရှိ ရခိုင်/ဘဂါင်္လီခေါင်းဆောင်များနှင့် သီးခြားစီတွေ့ဆုံပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ရခိုင်/ဘင်္ဂါလီ လူမျိုးနှစ်ခုလုံး ရင်းနှီးချစ်ကြည်ငြိမ်းချမ်းစွာဖြင့် အတူယှဉ်တွဲနေထိုင်နိုင်ရေး အတွက် တွေဆုံဆွေးနွေးခဲ့ကြပြီး ဘူသီးတောင်ဈေးနှင့် ဆေးရုံများကို လေ့လာခဲ့ကြသည်။

 

ညနေပိုင်းတွင် မောင်တောတောင်ပိုင်း ကိုင်းကြီးမြိုရွာသို့ သွားရောက်ပြီး တိုင်းရင်းသားမြိုလူမျိုးများ၏ ကျန်းမာရေး၊ပညာရေး စားသောက်နေထိုင်ရေး အဆင်ပြေမူရှိ၊မရှိ မေးမြန်းလေ့လာခဲ့ကြောင်း သိရသည်။

 

Author: ချလူးအောင်