ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၈ ခုနှစ်၊ ချလူးအောင် / DMG

မောင်တောမြို့နယ်အတွင်းသို့ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်ဘင်္ဂါလီများကြောင့် မောင်တောဒေသခံများမှာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အာဏာပိုင်များအနေဖြင့် ခိုးဝင်ဘင်္ဂါလီများကို ထိရောက်စွာစစ်ဆေးပီး အပြစ်ပေးရန် လိုအပ်နေသလို ခိုးသွင်းသည့် တာဝန်ရှိသူများကိုပါ ဖော်ထုတ်အပြစ်ပေးရန် လိုအပ်နေကြောင်း မောင်တောမြို့နယ် လောင်းဒုံကျေးရွာသားတစ်ဦးက ပြောသည်။

“ ခိုးပြီး ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်နေတဲ့ အနေအထားက ခေတ်အဆက်ဆက်ကတည်းက ရှိလာခဲ့တာပါ။ အရင်တုန်းက ဒီလိုခိုးဝင်၊ ခိုးထွက်တွေကို မတားဆီးနိုင်ခဲ့လို့ ရှင်းမရနိုင်တဲ့ပြဿနာတွေ ဖြစ်ပွားလာတယ်။ အခုလည်း ဒီဟာကို တားဆီးမှုမပြုလုပ်နိုင်ရင်တော့ အနာဂတ်ကာလမှာလည်း ဒီကုလားဆိုးအန္တရာယ်တွေက မောင်တောဒေသမှာ မကင်းရှင်းနိုင် ဖြစ်လာပါလိမ့်မယ်။ သူတို့ဝင်ချင်ရင် အစိုးရရဲ့ တရားဝင်လမ်းကြောင်းက ဝင်ပေါ့။ အခုက ဥပဒေမဲ့နေတဲ့ ဒေသလိုဖြစ်နေပါတယ် ” ဟု ဆိုသည်။

ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ မနက်ပိုင်းက မောင်တောမြို့နယ်မြောက်ပိုင်း မင်းကြီးကျေးရွာအနီးဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မသင်္ကာဖွယ်ရာ လူ ၅ ဦး ဓားကိုင်ပြီးဝင်ရောက်လာသည်ကို နွားကျောင်းနေသော လူငယ်တစ်ဦးက တွေ့ရှိ၍ ကျေးရွာသားများအား အကြောင်းကြားပြီး လိုက်သွားကြချိန်တွင် မတွေ့တော့ကြောင်း မင်းကြီးကျေးရွာသားတစ်ဦးက ပြောသည်။

" ကျွန်တော်တို့ မင်းကြီးရွာတောစပ်က ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ တိုက်ရိုက်ထိစပ်နေတာပါ။ အရင်ဆိုရင် မြဝတီကျေးရွာတစ်ရွာ ကြားမှာရှိနေတယ်။ အခုက မြဝတီကျေးရွာလည်း သစ်တုံးနားခွဆုံဖက်ကို ပြောင်းရွေ့သွားတော ကျွန်တော်တို့ရွာတစ်ခုတည်း ဖြစ်နေပါတယ်တောင်ပြိုကားလမ်းဘေး တည်ဆောက်နေတဲ့ နေအိမ်တွေကလည်း မပြီးသေးတော့ ရွာက နောက်နှစ်မှ ပြောင်းရမှာပါသတိတောထားနေရတာပေါ့လေဒီဖက်မှာက တောတောင်အလွန်ထူထပ်တော ပုန်းအောင်းပြီး ခြေရာဖျောက်ဖို့လွယ်ပါတယ်ရွာမှာတောလုံခုံရေးတွေရှိပါတယ် ” ဟု ၄င်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တာဝန်ကျ နယ်ခြားစောင့်တပ်သားတစ်ဦးအား ဆက်သွယ်မေးမြန်းကြည့်ရာ “ ဘင်္ဂလီလို့လည်း အတည်မပြောနိုင်ပါဘူးခင်ဗျအခုက ဟိန္ဒူတွေ မရမာကီးတွေလည်း ဒီဖက်နယ်မြေတွေမှာရှိနေတောဖားရှာငါရှာ သွားတာလည်းဖြစ်နိုင်ပါတယ်ရွာသားတွေကတောကုလားလို့မြင်မှာပဲဟေိန္ဒူလည်း ကုလားအရုပ် မရမာကြီးလည်း ကုလားအရုပ်ဖြစ်နေတာကိုး။ ဒါပေမဲ့ သတိတောထားရမှာပါဒီဖက်က တောထူတယ် ” ဟု ဖြေဆိုခဲ့သည်။

မောင်တောမြို့နယ်တွင် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသောဘင်္ဂါလီများကို မကြာခဏဆိုသလို ဖမ်းဆီးရမိမှုများ ရှိနေသောကြောင့် ယင်းကို အစိုးရအဖွဲ့အနေဖြင့် ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်ရန် ဒေသခံများက လိုလားနေကြခြင်းဖြစ်သည်။

Author: ချလူးအောင်