-
Details
-
နေဝင်းစံ
-
-
Hits: 4436
-
စစ်တွေ

နေဝင်းစံ၊ DMG
အောက်တိုဘာလ ၁၊ စစ်တွေ
စစ်တွေမြို့ရှိ ဝင်္ကာဘာကွင်းတွင်ကျင်းပလျက်ရှိသည့် ဈေးပွဲတော်အနီးတွင် စက်တင်ဘာလ ၂၅ ရက်နေ့ ညပိုင်း၌ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံရမှုကြောင့်စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး ခဲ့သည်။
ထိုသို့လုပ်ကြံခံခဲ့ရသူမှာ အမှတ် (၁) စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ်ဝင်းထိုက်(ခေါ်) ဖိုးလုံးဆိုသူဖြစ်ပြီး ဈေးပွဲတော်သို့ ဇနီးဖြစ်သူနှင့်အတူသွားရောက်စဉ် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် လုပ်ကြံခံခဲ့ရသည့်အမှုအား မကြာမီဖော်ထုတ်နိုင်မည်ဟု ယူဆကြောင်း ရခိုင်ပြည်နယ်ရဲမှူးကြီး ကြည်လင်းက ယနေ့ (စက်တင်ဘာလ ၁ ရက်နေ့)တွင် ပြောသည်။
“အခုကတော့ ဖော်ထုတ်ဆဲပဲဖြစ်တယ်။ မကြာခင်မှာတော့ ဖော်ထုတ်နိုင်မယ်လို့ ယူဆတယ်” ဟု ၎င်းက ပြောသည်။
စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် သေဆုံးသည့်အမှုအား စစ်တွေမြို့ အမှတ်(၂) နယ်မြေရဲစခန်းမှ (ပ) ၉၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုပါ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် သေဆုံးမှုနှင့်ပတ်သက်ပြီး ယခုအချိန်ထိ ဖမ်းဆီးအရေး ယူမှုမရှိသေးကြောင်းလည်း သိရသည်။
“ဖမ်းဆီးအရေးယူတာ မရှိသေးပါဘူး။ ကျနော်တို့ စစ်ဆေးဆဲပဲ ရှိပါသေးတယ် ” ဟု ရဲမှူးကြီး ကြည်လင်းက ဆိုသည်။
တပ်ကြပ်ဖိုးလုံးလုပ်ကြံခံရသည့်အမှုနှင့်ပတ်သတ်ပြီး ဘူးသီးတောင်မြို့နယ်မှ အဝေးသင်တက္ကသိုလ် တက်ရောက်ရန် စစ်တွေမြို့သို့ရောက်ရှိနေသည့် ကိုအောင်ချေနှင့် ကိုခိုင်ဇော်တို့ကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ခေါ်ယူစစ်ဆေးခဲ့သည်။