• English
Development Media Group

  • မူလစာမျက်နှာ
  • သတင်း
  • မြန်မာ့ရေးရာ
  • နိုင်ငံတကာ
  • ဆောင်းပါး
  • အတွေးအမြင်
    • အယ်ဒီတာ့အာဘော်
  • ရုပ်သံ
    • DTV NEWS
    • DTV Daily News
    • ရခိုင်လူမှုဘဝ
    • လူငယ်ရေးရာ
    • ရခိုင်ရိုးရာဓလေ့
    • ရခိုင်အမျိုးသမီးအသံ
  • အင်တာဗျူး
  • လူမှုဘဝ
  • DMG အကြောင်း
    • ဂျာနယ်
  • သတင်း
  • တပ်မတော်မှ ခေါ်ယူစစ်ဆေးခံရသူ ၁၅ ဦးအနက် ၁၃ ဦး ပြန်လွတ်၊ သရက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး မလွတ်သေး

တပ်မတော်မှ ခေါ်ယူစစ်ဆေးခံရသူ ၁၅ ဦးအနက် ၁၃ ဦး ပြန်လွတ်၊ သရက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး မလွတ်သေး

Details
ချလူးအောင်
Jan 15, 2019
Hits: 158
ဘူးသီးတောင်
 
(ပြန်လွှတ်လာသူများအား ရခိုင်အမျိုးသားပါတီ(ဘူးသီးတောင်)ရုံးရှေ့တွင် ပါတီတာဝန်ရှိသူတစ်ချို့နှင့် တွေ့ရစဉ်)
 
ချလူးအောင် / DMG
ဇန်နဝါရီလ ၁၅ ၊ မောင်တော
 
ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အရပ်သား ၁၅ ဦးအား ဇန်နဝါရီလ ၁၃ ရက်နေ့က တပ်မတော်မှခေါ်ယူစစ်ဆေးခဲ့ပြီး ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းမှာ အရပ်သား ၁၃ ဦး ပြန်လွတ်လာခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံမှ ပြောသည်။
 
“မနေ့က ၁၃ ဦးလွတ်ပေးလိုက်တယ်။ နောက်၂ ဦးကျန်နေတယ်။ ကျန်နေတဲ့ ၂ ဦးကို စစ်နေတယ်လို့ သိရတယ်။ သူတို့ကိုလည်း ဒီနေ့လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ဦးမောင်ကျော်ဇံက ပြောသည်။
 
ထိုသို့လွတ်မြောက်လာသူ ၁၃ ဦးထဲတွင် ကယ်ဆယ်ရေးပစ္စည်းလာပေးသူ ၇ ဦး၊ စက်လှေဖြင့် စပါး လာဝယ်သူ ၃ ဦးနှင့် ကားလမ်းပေါ်တွင် ဖမ်းဆီးခံရသူ ၃ ဦးတို့ဖြစ်ကြောင်း သိရသည်။
 
ကျန်နှစ်ဦးဖြစ်သည့် သရက်ပြင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နှင့် ဦးမောင်ကျော်ဝင်းတို့မှာ ဆက်လက် စစ်ဆေးခံနေရဆဲဖြစ်ကြောင်း သိရသည်။
 
တပ်မတော်မှ ခေါ်ယူစစ်ဆေးခံခဲ့ရသည့် ကျောက်တော်မြို့နယ်မှ စပါးလာဝယ်သူ ဦးလှကျော်မောင်က ၎င်းတို့အား အမှတ်(၃) နယ်ခြားစောင့်စခန်းတွင်ခေါ်ယူစစ်ဆေးခဲ့ပြီး စစ်ဆေးစဉ်အတွင်း ရိုက်ပုတ်နှိပ်စက် သည်များမရှိခဲ့ကြောင်း ပြောသည်။
 
“ကျနော်တို့က ထောက်ခံစာတွေ၊ အထောက်အထားတွေ အားလုံးရှိတယ်လို့ပြောတယ်။ သူတို့ကတော့ ဘာမှ ထောက်ခံစာတွေကိုမကြည့်ပါဘူး။ ရိုက်ပုတ်နှိပ်စက်တာတွေကတော့ မရှိပါဘူး ” ဟု ဦးလှကျော်မောင်က ပြောသည်။
Author: ချလူးအောင်

Twitter

DTV Daily News

ဧပြီလ ၇ ရက်နေ့ DTV Daily News
Details
Admin
Apr 7, 2020
Hits: 5514
Twitter
More

နောက်ဆုံးရသတင်းများ

တပ်မတော်မှ အာဏာသိမ်းမှုအား ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေတိုင်းရင်းသားများ မဟာမိတ်အင်အားစုမှ ထုတ်ပြန်
Details
DMG
Feb 13, 2021
Hits: 98
ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုရှိလာကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များပြော
Details
DMG
Feb 13, 2021
Hits: 42
သြစတြေးလျ ဒုတိယအကြီးဆုံးမြို့တော်ကို ဗိုင်းရပ်စ်ထိန်းချုပ်ရေး လော့ဒေါင်းချမည်
Details
DMG
Feb 13, 2021
Hits: 65
ကမ္ဘာ့နိုင်ငံအများအပြား မြန်မာနှင့် သံတမန်ဆက်ဆံရေး လျှော့ချပြီး အရေးယူပိတ်ဆို့မှုများ မြှင့်တင်
Details
Foreign Desk
Feb 12, 2021
Hits: 135
ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ အင်းစိန်ထောင်မှ လွတ်မြောက်လာပြီ
Details
DMG
Feb 12, 2021
Hits: 616
ဘဏ်များ ယာယီပိတ်ထားသည့်အတွက် ဒေသခံများ အခက်ကြုံ
Details
Admin
Feb 12, 2021
Hits: 67

လူဖတ်များသောသတင်းများ

  • ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ အင်းစိန်ထောင်မှ လွတ်မြောက်လာပြီ
  • ရခိုင်အကျပ်အတည်း ကိစ္စရပ်များကို တပ်မတော်အစိုးရနှင့် ဆပ်စပ်ဆောင်ရွက်သွားမည်ဟု ANP ပါတီက ရခိုင်ပြည်သူများသို့ အစီရင်ခံ
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ANP မှ ပါဝင်နေခြင်းအပေါ် ပြန်လည်သုံးသပ်ပြီး လက်မခံရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၄၇ ဖွဲ့က တိုက်တွန်း
  • ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုနေကြ

Our Channels

Development News Journal
DMG Burmese Edition
DMG English Edition
Facebook
Twitter
Youtube
DTV Daily News

Contact

DMG News Agency
Sittwe, Rakhine State
Phone: 09426293095, 09777562257
E-mail: dtvnews17@gmail.com , development.tvnews@gmail.com

About DMG

Development Media Group (DMG) ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်၌ ထူထောင်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ဂျာနယ်ကို မြန်မာပြည်တွင်းတွင် တရားဝင်မှတ်ပုံတင်ခဲ့ပြီး .. read more

Copyright © 2021 Development Media Group. All Rights Reserved.