
(ကျောက်ဖြူအထူးစီးပွားရေးဇုန်သို့ သွားရောက်ခဲ့သည့် ဒုတိယ သမ္မတအဖွဲ့။ ဓါတ်ပုံ - ခိုင်မင်း (ကျောက်ဖြူ))
နိုဝင်ဘာ ၅ ရက်၊ ၂၀၁၇ ခုနှစ်။ ။ ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန် စတင်အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်ရန်အတွက် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့သည် နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်က ကျောက်ဖြူမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ဒုသမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်သော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းခိုင်၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်တို့လည်း လိုက်ပါလာကြသည်။
ကျောက်ဖြူအထူးစီးပွားရေး စီမံခန့်ခွဲမှုကော်မတီ ဒုဥက္ကဌ ဒေါက်တာ ဦးမောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင်အတူ ပြည်နယ်ဝန်ကြီး အချို့သည် ကျောက်ဖြူမြို့သို့ ကြိုတင်ရောက်ရှိနေပြီး ဒုသမ္မတအဖွဲ့နှင့်အတူ လိုက်ပါသွားကြပါသည်။ ဒုသမ္မတနှင့် အဖွဲ့သည် မဒေးကျွန်းရှိ တရုတ်ရေနံတင် ဆိပ်ကမ်းသို့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်တွင် မလိခဖြင့်သွားရောက်ပြီး မဒေးကျွန်းတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် နေရာအားကြည့်ရှုခဲ့ပါသည်။
ဒုသမ္မတနှင့်အဖွဲ့သည် မဒေးကျွန်းမှ နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန်တွင် ကျောက်ဖြူမြို့သို့ ပြန်လည်ရောက်ရှိပြီး ကျောက်ဖြူအထူးစီးပွါးရေးဇုန် အကောင်အထည်ဖော်ဆောင်ရွင်နိုင်ရန် ပဏမအဆင့် သတ်မှတ်ထားသော သိုင်းချောင်း ကျေးရွာအုပ်စုအနီးရှိ မြေဧက (၂၅၀) ဧကရှိ နေရာသို့ သွားရောက်ကြည်ရှုခဲ့ပြီး OGT သဘာဝဓာတ်ငွေ့သန့်စင်စက်ရုံသို့ ဝင်ရောက်ကြည့်ရှုခဲ့ကာ ညနေ ၄ နာရီကျော် အချိန်တွင် ကျောက်ဖြူမှ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု သတင်းရရှိပါသည်။
သတင်း - ခိုင်မင်း (ကျောက်ဖြူ)၊ DMG




