
အောင်ကောင်းဇော်၊ DMG
စက်တင်ဘာ ၁၄၊ သံတွဲ
သံတွဲခရိုင်၊ ငပလီမြို့၊ လင်းသာရပ်ကွက် ACE ဟိုတယ်လမ်းကြားတွင် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ဆက်သွယ်ရေးဝန်ထမ်း ၆ ဦးတို့ ဖုန်းတိုင်စိုက်ထူရာမှ ဓာတ်ကြိုးနှင့်ထိမိရာ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိကာ ဒဏ်ရာရရှိသူထဲမှ အရာရှိတစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်သိရသည်။
အဆိုပါ ဆက်သွယ်ဝန်ထမ်း ၆ ဦးတို့မှာ ဆက်သွယ်ရေးကြိုးဖုန်းတိုင်စိုက်ထူရန် ကရိန်းဖြင့်တင်စဉ် လျှပ်စစ်စီးနေ သော ၁၁ ကေဗွီ မီးကြိုးကိုထိမိရာမှ ဓာတ်လိုက်မှုဖြစ်ပွားရာ ၂ ဦးသေဆုံးကာ ၄ ဦး မှာ ဒဏ်ရာရရှိခဲ့ပြီး ငပလီမြို့ ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူလျှက်ရှိကြောင်း လင်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း ကပြောသည်။
“ဒီနေ့ မနက် ၆နာရီလောက်က အဲမှာဖုန်းတိုင်ထောင်ဖို့အတွက် ကရိန်းနှင့်မတာကနေ အထက်က မီးကြိုးကို ထိပြီး ဓာတ်လိုက်တာပါ အားလုံးစုစုပေါင်း ၆ ယောက်ပေါ့ ။ အဲဒီထဲက ၂ ယောက်က သေသွားတယ၊် ကျန်တဲ့ လေးယောက်မှာ ဆေးကုသနေတယ် အဲဒီထဲဆက်သွယ်ရေးဦးစီ ဦးကျော်စွာမြင့် ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ် ရန်ကုန်ဆေးရုံကို ပို့ဖို့လုပ်နေပါတယ်"ဟု ပြောသည်။
သေဆုံးသူ ၂ ဦးမှာ ဦးမောင်ဇော်လတ်နှင့် ဦးကျော်စိုးအောင်တို့ဖြစ်ပြီး ဆေးရုံပေါ်သို့ တက်ရောက်ကုသခံ နေရသူများမှာ ဦးကျော်စွာမြင့် ၊ ဦးမင်းလွင်၊ ဦးကျော်ဇောလင်း၊ ဦးကျော်ကျော် တို့ဖြစ်ပြီး ဒဏ်ရာရသူများထဲမှ ဆက်သွယ်ရေးဦးစီး ဦးကျော်စွာမြင့်မှာ စိုးရိမ်ရသည့် အခြေအနေရှိသဖြင့် ရန်ကုန်သို့ ပို့ဆောင်ရန် စီစဉ်နေ ကြောင်းသိရသည်




