ပြီးခဲ့သည့် ဧပြီလ ၂၇ မှ မေလ ၁ ရက်နေ့အထိ ကျင်းပပြီးစီးခဲ့သော ၁၉ ကြိမ်မြောက် ချင်းတက္ကသိုလ် ကျောင်းသား/သူများ ၀ိသဟာရ (CUSF) ညီလာခံကြီး၏ သဘောထားထုတ်ပြန် ချက်တွင် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော် အခြေချနေထိုင်ခြင်းသည် တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွှတ်မှူကို ပြိုစေနိုင်သည်ဟု ပါရှိသောကြောင့် ရခိုင်ပြည်ကျောင်းသား သမဂ္ဂမှ ယင်းကဲ့တို့ မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၏ နယ်နိမိတ်သည် အလွန်တရာ ထိစပ်နေသောကြောင့် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော် အခြေချနေထိုင်ခြင်းကို ခွင့်လပ်နားပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုခြင်းဖြစ်သည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်၊ ပလက်ဝမြို့နယ်ဟု ဒေါက်တာအေးမောင်၏ စကားအသုံးအနှူန်းမှာ လည်း ရခိုင်တမျိုးသားလုံးနှင့် သက်ဆိုင်ခြင်းမဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့်သာ သက်ဆိုင်ကြောင်း ထုတ်ပြန်တွင်ပါရှိသည်။

မတူပီမြို့နယ်၌ အခက်အခဲပေါင်းများစွာကြားမှ CUSF ညီလာခံကြီးကို အောင်မြင်စွာ ကျင်းပနိုင် ခဲ့သည်ကို ချင်းတက္ကသိုလ်ကျောင်းသား/သူများနှင့် ထပ်တူ များစွာဂုဏ်ပြုဝမ်းမြောက်ပါကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ကော်မတီက ဆိုသည်။

 

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်