
(ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှ ကွမ်းခြင်းအားတွေ့ရစဉ်။ ဓါတ်ပုံ - ဇောင်း (ပုဏ္ဏားကျွန်း)/DMG)
မေလ ၃၁ ရက်၊ ၂၀၁၇ ခုနှစ်၊ ပုဏ္ဏားကျွန်း (DMG) ။ ။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသအတွင်း မိုရာမုန်းတိုင်း တိုက်ခတ်မှုကြောင့် တောဖျားချောင်းဒေသရှိ ကွမ်းစိုက်ခင်း များစွာပျက်စီးဆုံးရှုံးခဲ့သည်။
တောဖျားချောင်းနေ ပြည်သူအများစုမှာ ကွမ်းစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကထားပြီး စိုက်ပျိုးကြသူများဖြစ်ပြီး ယခုအခါ မုန်တိုင်းကြောင့် ကွမ်းစိုက်သမား ဒေသခံများအနေဖြင့် ကွမ်းများပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် အခက်ခဲနဲ့ကြုံနေရကြောင်း ပိုးရွှီးပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စီုးကပြောသည်။
တောဖျားချောင်းဒေသမှာ နေထိုင်ကြသော အများစုမှာ ကွမ်းခင်းပျက်စီးမှုအတွတ် စိုးရိမ်ပူပန်းနေရပြီး မိသားစု ၇၀ ရာခိုင်းနှုန်းမှာ ကွမ်းခင်းကိုသာ အားထားနေရကြောင်း ပိုးရွှီပြင်မဟာမိတ် လူမှုကူညီရေးအသင်း ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်က ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှ ထွက်ရှိသောကွမ်းသည် ရခိုင်ပြည်နယ်ဒေသအနှံ့ ဖြန့်ဝေပေးကြောင်း သိရသည်။




